မော်လမြိုင် ဇန်နဝါရီ ၂၄
ကိုဗစ်-၁၉အပါအဝင် ဗီဇပြောင်းမျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ရည်ရွယ်၍ မွန်ပြည်နယ် မော်လမြိုင်မြို့နယ်တွင် ယနေ့နံနက်ပိုင်းက မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များ ပူးပေါင်၍ မြို့တွင်လမ်းမကြီးနှင့် စျေးတို့၌အသံချဲ့စက်ဖြင့် နှိုးဆော်ပေးသည်။
အသိပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ရောဂါနှင့် စပ်လျဉ်း၍ ဗီဇပြောင်းမျိုးကွဲသစ်ဖြစ်သည့် အိုမီခရွန် ကူးစက်ပျံ့နှံ့မှုသည် ကမ္ဘာ့နိုင်ငံအများအပြားတွင် ပိုမိုဖြစ်ပွားမှုများပြီး အာဆီယံနိုင်ငံများဆီသို့ ရောက်ရှိလာပြီဖြစ်ရာ မိဘပြည်သူများအနေဖြင့် ရောဂါကူးစက် ပြန့်ပွားမှုကို ထိရောက်စွာ ဟန့်တားနိုင်ရေးနှင့် ကိုဗစ်-၁၉ရောဂါကြောင့် လူမှုစီးပွားဘဝ ထိခိုက်မှုပြန်လည် ကုစားနိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များအား ဆက်လက်လိုက် နာကျင့်သုံးသွားကြပါရန်၊ ကာကွယ်ဆေး ကိုလည်း အကြိမ်ရေပြည့်ဝစွာ ထိုးနှံပေးရန်နှင့် ကာကွယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက် ပေးကြပါရန် တိုက်တွန်းနှိုးဆော်ခဲ့ကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)