မြောင်းမြ ဇန်နဝါရီလ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊မြောင်းမြခရိုင်၊ မီးသတ်ဦးစီးဌာန၊လူမှုအဖွဲ့အစည်းများနှင့်ပရဟိတအဖွဲ့များ ပူးပေါင်း၍ ယခုကာလအတွင်း ပြည်သူများ သဘာဝဘေးအန္တရာယ်ကြုံတွေ့လာပါကကြိုတင်ကာကွယ် မှုများ ပြုလုပ်နိုင်ရန်ရည်ရွယ်၍ သဘာဝဘေး အန္တရာယ်ဖြစ်သည့် မြေငလျင် ဇာတ်တိုက် လေ့ကျင့်သရုပ်ပြပွဲ ပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
သဘာဝဘေးအန္တရာယ်ဖြစ်သည့် မြေငလျင်ဘေးအန္တရာယ်သည်အချိန်၊ဒေသမရွေးဖြစ်ပေါ်နိုင်သည့် အတွက်မြေငလျင်ဘေး ကြုံတွေ့ လာပါက အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ၊ မီးငြိမ်းသတ်ရေး လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ လုပ်ကိုင် ဆောင်ရွက်သွားမည့်နည်းများကို တက်ရောက်လာသူ များနှင့် ပူးပေါင်းဆွေးနွေးရ ခြင်းဖြစ်ကြောင်း ခရိုင်မီးသတ်ဦးစီးဌာန မှ လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်ခိုင်ဦး က ပြောကြားခဲ့သည်။
၎င်းနောက် အဆိုပါ ငလျင်ဇာတ်တိုက် လေ့ကျင့်ရာတွင်ပါဝင်မည့် ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာန၊ ကြက်ခြေနီ အသင်းနှင့် ပရဟိတလူမှုရေးအသင်းအဖွဲ့များကမြေငလျင်ဇာတ်တိုက်လေ့ကျင့်ရာတွင်ပူးပေါင်းဆောင်ရွက်မည့်အခြေအနေများကို ကြားခဲ့ကြသည်။အဆိုပါ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ဇန်နဝါရီ ၂၈ ရက်နေ့တွင် မြောင်းမြအဝေးပြေးကားကွင်းနေရာတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဒေါ်ခင်ရူပါအေး