ဟင်္သာတ ၊ ဇန်နဝါရီ ၂၄
ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ် မြို့နယ်ပညာရေးမှူး ဖလား အခြေခံ ပညာ ကျောင်းပေါင်းစုံ (အမျိုးသား) ပိုက်ကျော်ခြင်း ပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့ နံနက် ၁၀နာရီ က မြို့နယ် မိုးလုံလေလုံအားကစားရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါပြိုင်ပွဲကို မြို့နယ်အတွင်း ရှိ အခြေခံပညာကျောင်း ၊ ပညာရေးနယ်မြေ ၅ ခုတို့မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် အကောင်းဆုံးအားကစားသမားဆုကို ပညာရေးနယ်မြေ ၂ အသင်းမှ မောင်ချမ်းမြတ်ကို ကရရှိခဲ့ပြီး ပထမ တံခွန်ဆိုက်ဆုဖလားရ နယ်မြေ ၂ အသင်းအား ဒုတိယမြို့နယ် ပညာရေးမှူး ဆရာကြီး ဦးဆန်းဝင်း ကလည်းကောင်း ဒုတိယဆုနှင့် တတိယဆုရ အသင်းများကို တာဝန်ရှိသူများက ဆုတံဆိပ်နှင့် ငွေသားဆုများ အသီးသီး ချီးမြှင့် ပေးအပ်ခဲ့ကြောင်းသိရသည်။
ကိုဇော် -ဟင်္သာတ