ခမောက်ကြီး ဇန်နဝါရီ ၂၄
မြန်မာနိုင်ငံရှိ မြိို့မြို့အနယ်နယ်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာအဖွဲ့မှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ တနင်္သာရီ တိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ကော့သောင်း မြို့နယ်ဦးစီးမှူးရုံးအဖွဲ့မှ ခမောက်ကြီး မြို့အခြေခံပညာမူလွန်အမှတ်(၄)ကျောင်းမှ အသက် (၁၀)နှစ် ပြည့်ပြီး ကျောင်းသား ကျောင်းသူများနှင့် မှတ်ပုံတင်မပြုလုပ်သေးသူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက် ပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းကဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ နိုင်ငံသားကတ်ပြားများပြုလုပ်ခြင်း ဆောင်ရွက်ပေးခြင်းသည် ကော့သောင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ ဒုလဝကမှူးဦးမျိုးမင်းထိုက် ဦးဆောင်သော လဝကဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ခြင်းဖြစ်ပြီး ခမောက်ကြီးမြို့ဌာနဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်းပါဝင်၍ မူလွန်အမှတ်(၄) ကျောင်း မှ အသက်(၁၀)နှစ်ပြည့်ပြီး ကျောင်းသားကျောင်းသူများနှင့်မှတ်ပုံတင်မပြုလုပ်ရသေးသူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။
ရူပါမြင့် (ခမောက်ကြီး)