ကံမမြို့ အမှတ်(၄)ရပ်ကွက် ကွမ်းခြံလမ်းပေါ်၌ ကျောက်စီရေမြောင်းပြုလုပ်ရန် မြေသားတူးဖော်ခြင်းလုပ်ငန်း စတင်ဆောင်ရွက်

ကံမ ဇန်နဝါရီ ၂၄

မကွေးတို်ငးဒေသကြီး  သရက်ခရိုင်  ကံမမြို့  မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ       အမှတ်(၄)ရပ်ကွက် ကွမ်းခြံလမ်း၌  ရေစီးရေလာကောင်းမွန် စေရန်အတွက် ယခင် မြေသားမြောင်းအဖြစ်မှ           ကျောက်စီရေမြောင်းပြုလုပ်ရန်  မြေသားတူးဖော်ခြင်းလုပ်ငန်းကို ယနေ့ နံနက်ပိုင်းမှ စတင် ၍  ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ ဆောင်ရွက်မည့်   ကျောက်စီရေမြောင်းမှာ    အရှည် ၃၀၀ ပေ၊  အနံ  ၄ ပေ၊  အနက် ၄ ပေ ဖြင့် ၂၀၂၁-၂၀၂၂  ဘဏ္ဍာရေးနှစ်    မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏       ငွေလုံးငွေရင်း         အသုံးစရိတ်ရန်ပုံငွေ ကျပ်သိန်း (၃၀၀) ဖြင့်  ဆောင်ရွက်သွားမည်ဖြစ်ကြောင်း   ကံမမြို့နယ် စည်ပင်သာယာရေးအဖွဲ့  အမှုဆောင်အရာရှိ ဦးမြင့်လှိုင်ထံမှ သိရသည်။ 

 ကျော်ဇေယျဝင်း(ကံမ)