သတင်းများ

ရေကြည်မြို့နယ် မီးသတ်ဦးစီးဌာနမှ ငလျင်ဘေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လေ့ကျင့်ဆောင်ရွက်
Jan 25,2022
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးနိုင်နှင့် တပ်ဖွဲ့ဝင်များ၏ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ငလျင်ဘေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လေ့ကျင့်ဆောင်ရွက်ခြင်းကို ယနေ့နံနက် (၉)နာရီအချိန်က မြို့နယ်မီးသတ်တပ်ဖွဲ့ရုံးဝန်းအတွင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
တနင်္သာရီမြို့နယ် (လဝက) ဦးစီးဌာနမှ တမုတ်ချုန်းကျေးရွာအုပ်စုအတွင်း နိုင်ငံသားကတ် (၁၈၂) ဦးနှင့် အိမ်ထောင်စု (၁၆၁) စုအား ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်
Jan 25,2022
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ(လဝက)မှူး ဦးတင့်နိုင်နှင့်ဝန်ထမ်းများသည် လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင် ကြစို့”
ရေးမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ပတ်ဝန်းကျင်အပေါ် ဒီရေတောများ၏ အရေးပါပုံအကြောင်း အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်
Jan 25,2022
မွန်ပြည်နယ် ရေးမြို့နယ်တွင် ပတ်ဝန်းကျင်အပေါ်ဒီရေတောများ၏ အရေးပါပုံအကြောင်း အသိပညာပေးဆွေးနွေးပွဲကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ယနေ့နံနက် ၁၁ နာရီက ကျင်းပြပြုလုပ်ခဲ့သည်။
မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆဋ္ဌမအသုတ် ပထမအကြိမ် ဆက်လက်ထိုးနှံထိုးနှံပေးလျက်ရှိ
Jan 24,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊  တာချီလိတ်ခရိုင်၊  မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်‎ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဆဋ္ဌမအသုတ် ပထမအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့  နံနက်ပိုင်းက သေဒခံပြည်သူ ၉၉    ဦး လာရောက်ထိုးနှံကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ မြန်မာ့သိုင်းပြိုင်ပွဲကျင်းပ
Jan 24,2022
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် ၂၅ နှစ်အောက် မြန်မာ့သိုင်းပြိုင်ပွဲကို ရှမ်းပြည် နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ ပြည်နယ်လေ့ကျင့်ရေး အားကစားရုံတွင် ယနေ့နံနက် ၁၀ နာရီက ကျင်းပသည်။
ပဲခူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများပဲခူးမြို့ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းသို့ နယ်လှည့်ကွင်းဆင်းဆောင်ရွက်
Jan 24,2022
ပဲခူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပဲခူးမြို့အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းသို့ ယနေ့မွန်းလွဲ(၁း၀၀)နာရီအချိန်က နယ်လှည့် ကွင်းဆင်း ဆောင်ရွက်ကာ စာအုပ်စာစောင်များ ဌားရမ်းပေးခဲ့ကြောင်းသိရသည်။
သာစည်မြို့နယ်တွင် ကိုဗစ် - ၁၉ ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိနေသူများအား Covishield ပထမအကြိမ် ဆက်လက် ထိုးနှံပေး
Jan 24,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေ သူများအား Covishield ပထမအကြိမ်အဖြစ် ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီချိန်က ညောင်ရမ်းကျေးရွာ ဆေးထိုးစုရပ်နှင့် သနပ်ကန်ကျေးရွာ ဆေးထိုးစုရပ်တို့တွင် ကာကွယ်ဆေး ထိုးနှံရေးအဖွဲ့များက ဆက်လက်ထိုးနှံပေးခဲ့ ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
ချီဖွေမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာသိကောင်းစရာ Talk Show ပြုလုပ်
Jan 24,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ သိကောင်းစရာနှင့် ပတ်သတ်၍ ပြည်သူများသိရှိနိုင်ရန် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ပြုလုပ်ခဲ့သည်။