သတင်းများ

ပိုင်ကျုံမြို့အတွင်းရှိ ကျောင်းအုပ်ကြီးများ၊ ဆရာ/မများ လုပ်ငန်းစွမ်းရည်တိုးတက်လာစေရန် စီမံခန့်ခွဲမှု သင်တန်းပေး
Feb 27,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့အတွင်းရှိ ကျောင်းအုပ်ကြီးများ၊ ဆရာ/မများ၊  စာရေးဝန်ထမ်းများ လုပ်ငန်းများဆောင်ရွက်ရာတွင် တိကျမှန်ကန်ပြီး ထိရောက်မှုရှိစေရန် ရည်ရွယ်၍  ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုဘာသာရပ်ကို ‌အ‌ခြေခံ၍ ပိုင်ကျုံ အ.ထ.က ကျောင်း တွင် ယမန်နေ့နံနက်ပိုင်းက စတင် သင်ကြားပေးခဲ့ကြောင်း သိရသည်။
သီပေါမြို့နယ်တွင် ၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ(၃၁၄)ဦးရှိ
Feb 27,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ၂၀၂၂ခုနှစ်၊ မတ်လနှင့် ဧပြီလအတွင်း ပြုလုပ်မည့် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲတွင် စာစစ်ဌာန(၂)ခုမှ အတွင်းဖြေ ကျောင်းသား၊ ကျောင်းသူ(၂၀၇)ဦး၊ပြင်ပဖြေကျောင်းသား၊ ကျောင်းသူ(၁၀၇)ဦး၊ စုစုပေါင်း(၃၁၄)ဦး ဝင်ရောက်ဖြေဆိုမည် ဖြစ်ကြောင်း သိရသည်။
သီပေါမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကာကွယ်ရေး အသိပညာပေး နှိုးဆော် ခြင်းများ ပူးပေါင်း ဆောင်ရွက်
Feb 27,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍
ကွန်ကရစ်လုပ်ငန်းသုံးပစ္စည်းများ ဈေးအနည်းငယ်မြင့်တက်လျက်ရှိ
Feb 27,2022
စစ်ကိုင်းခရိုင်၊ မြင်းမူမြို့တွင် မိသားစုတစ်နိုင်တစ်ပိုင် လုပ်ကိုင်ရောင်းချလျက်ရှိသည့် ကွန်ကရစ်ထည်ပစ္စည်းများ ဈေးအနည်းငယ်မြင့်တက်လျက်ရှိကြောင်း ကွန်ကရစ်ပစ္စည်း ပြုလုပ်ရောင်းချနေသူများထံမှ သိရသည်။
ဒေသခံပြည်သူများ လူမှုဘဝ ဖွံ့ဖြိုးစေရန် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေး
Feb 27,2022
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် သရက်တောကျေးရွာအုပ်စုအတွင်းရှိ ဒေသခံပြည်သူများ လူမှုဘဝ ဖွံ့ဖြိုးစေရေးအတွက် ရည်ရွယ်၍ ဖေဖော်ဝါရီ ၂၇ ရက် ၊ နံနက် ၉ နာရီခွဲက မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးညွန့်ဝင်းထူး ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား အခမဲ့ကွင်းဆင်းဆောင် ရွက်ပေးခဲ့ကြသည်။
ကျောက်မောင်နှမကမ်းခြေတွင် ရုံးပိတ်ရက်အတွင်း အပန်းဖြေကြသူများဖြင့် စည်ကား
Feb 27,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ ကျောက်မောင်နှမကမ်းခြေတွင် ယခု စနေ၊ တနင်္ဂ‌နွေနေ့ရုံးပိတ်ရက်များ၌ အပန်းဖြေဧည့်သည်များဖြင့် စည်ကားလျက်ရှိသည်ကို တွေ့ရသည်။
မိုးကုတ်မြို့ ညောင်သုံးပင်သာမဏေကျော်စာသင်တိုက်ကြီး၏ ဦးစီးပဓာန မဟာနာယက ဆရာတော်၊ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင် ဆရာတော် ဘဒ္ဒန္တဒေါက်တာအရှင်တေဇောသာရာ ဘိဝံသမထေရ် မြတ်ကြီး၏ အန္တိမအဂ္ဂိစျာပနပူဇော်ပွဲ အခမ်းအနား ကျင်းပပြုလုပ်
Feb 27,2022
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၌ ညောင်သုံးပင်သာမဏေကျော် စာသင်တိုက်ကြီး၏ ဦးစီးပဓာနမဟာနယက ဆရာတော်၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ တွဲဖက်အကျိုးတော်ဆောင် (အဂ္ဂမဟာပဏ္ဍိတ၊ ဓမ္မကထိကဗဟုဇနဟိ တဓရ၊ အဂ္ဂမဟာသဒ္ဓ မ္မဇောတိကဓဇ၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ သာသနာ့ဓဇဓ္မာစရိယသကျသီဟ
ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးနိုင်မှု တစ်သိန်းရှစ်သောင်းခြောက်ထောင်ကျော် ထိုးပေး နိုင်ပြီဖြစ်
Feb 27,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာ ကွယ်ဆေး ထိုးပေးနိုင်မှုအခြေအနေ ယနေ့နံနက်ပိုင်းအချိန်ထိ ၁၈၆၃၀၂ ဦး ထိုးပေးနိုင်ခဲ့ပြီဖြစ်ကြောင်း ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်ထံက သိရသည်။