သတင်းများ

အသက်တစ်နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ် ဆေး ထိုးဆေးတိုက်ခြင်းများဆောင်ရွက်ပေး
Mar 01,2022
ကျိုက်မရောမြို့နယ်တွင် အသက်တစ်နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်း လုပ်ငန်းများကို ယနေ့ နံနက် ၉နာရီမှ စတင်ကာ သက်ဆိုင်ရာကျန်းမာရေးဆေးခန်းများ၌ ထိုးနှံပေးလျက်ရှိသည်။
ထားဝယ်မြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးရေး (VDP) စီမံကိန်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး
Mar 01,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်အတွင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ခု၊ ဘဏ္ဍာရေးနှစ် (၆ လဘတ်ဂျက်) တွင် ကျေးလက်‌ဒေသဖွံ့ဖြိုးရေးအတွက် လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးဆိုင်ရာ ကဏ္ဍအသီးသီးကို အကျိုးပြုစေရန် ရည်ရွယ်၍ (VDP)စီမံကိန်း ခွင့်ပြုငွေရန်ပုံငွေ ကျပ်သိန်း(၃၀၀) အား ကျေးရွာ(၁)ရွာလျှင် သိန်း(၁၀၀)စီဖြင့် ကျေးရွာ (၃) ရွာရှိ ဦးစားပေးဖွံ့ဖြိုးရေးလုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက် ပေးလျက်ရှိကြောင်းသိရသည်။
တံတားဦးမြို့နယ်မှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသူ၏ ရင်တွင်းစကားသံများ
Mar 01,2022
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် တားဆီး ကာကွယ်ရေး လုပ့်ငန်းများကို အရှိန်အဟုန်မြင့် ဆောင်ရွက်လျက် ရှိပြီး အသက်(၁၈)နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါ တစ်ကြိမ်မှ မထိုးနှံသေးသူများကို တံတားဦးမြို့နယ် ပြည်သူ့ဆေးရုံအတွင်း၌လည်းကောင်း၊ ကျေးရွာ အသီးသီးတို့၌လည်းကောင်း ဆေးထိုးစုရပ်များဖွင့်လှစ်ပြီး စဉ်ဆက်မပြတ်ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေး ထိုးနှံပြီးသူ ပြည်သူတစ်ဦး၏ ရင်တွင်းစကားသံ အချို့ကို ယခုလိုဘဲ တွေ့ဆုံမေးမြန်းခဲ့ ပါတယ်-
နတ်မောက်မြို့ ဆည်လည်ကျေးရွာအုပ်စု ဆည်လည်ကျေးရွာ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်များ ကွင်းဆင်း ဆောင်ရွက်
Mar 01,2022
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ဆည်လည်ကျေးရွာအုပ်စု ဆည်လည်ကျေးရွာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိ နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသည့် ပြည်သူများနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်လိုသူများအား ပန်းခင်းစီမံချက်ဖြင့် ယမန်နေ့ နံနက်ပိုင်းက ရွာသစ်ကျေးရွာ အုပ်ချုပ်ရေးမှူး အိမ်တွင်ပြုလုပ် ဆောင်ရွက်ပေးခဲ့သည်။
သီပေါမြို့နယ်တွင် ကျန်းမာရေးအဆင့်မြှင့်ကျောင်း ထူထောင်ရေးလုပ်ငန်းစဉ်များ မြို့နယ်အဆင့် ဆင့်ပွားသင်တန်း ပြုလုပ်ဆောင်ရွက်
Mar 01,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျန်းမာရေးအဆင့်မြှင့်ကျောင်း ထူထောင်ရေးလုပ်ငန်းစဉ်များ  မြို့နယ်အဆင့် ဆင့်ပွားသင်တန်းကို ယနေ့နံနက် ၉ နာရီက အမှတ်(၁) အခြေခံ ပညာအထက်တန်းကျောင်း မြညီလာခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တောင်ငူခရိုင် လူထုအခြေပြုဗဟိုဌာန၌ ရပ်ရွာအခြေပြု မိန်းမဝတ်(အခြေခံ) အပ်ချုပ်နည်းသင်တန်း ဖွင့်လှစ်
Mar 01,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန အိမ်တွင်း မှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်းတို့ ပူးပေါင်းကာ ရပ်ရွာအခြေပြု မိန်းမဝတ်(အခြေခံ) အပ်ချုပ်နည်း သင်တန်းကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ဖွင့်လှစ်သည်။
မြင်းမူမြို့နယ်အတွင်းရှိ ဂျုံသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ
Mar 01,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ စိုက်ပျိုးထားရှိသည့် ဂျုံသီးနှံစိုက်ခင်းများ မှာ အောင်မြင်ဖြစ်ထွန်း လျက်ရှိကြောင်း သိရသည်။
ပိုင်ကျုံမြို့ ဘီးစခတ်ကျေးရွာအုပ်စုတွင် သံကူကွန်ကရစ်တံတားတစ်စင်း တည်ဆောက်ပေးလျက်ရှိ
Mar 01,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့နယ်အတွင်းရှိ‌ ဒေသခံပြည်သူများ သွားလာရေးပိုမိုအဆင်ပြေ လွယ်ကူစေရေး၊ ဒေသဖွံ့ဖြိုး တိုးတက်စေ‌ရေး၊ လူနေမှုဘဝတိုးတက်မြှင့်မားလာစေရန် ရည်ရွယ်၍ ဘီးစခတ်ကျေးရွာအုပ်စု ထီလုံ-တာပေါင်-ပတ-နဘူး-ကော့ကရိတ် ဆက်သွယ်ထားသည့် လမ်းပေါ်တွင် သံကူကွန်ကရစ်တံတားတစ်စင်း တည်ဆောက်ပေးလျက်ရှိကြောင်း သိရသည်။