သတင်းများ

ကန့်ဘလူမြို့နယ်၌ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသူများအား ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး
Feb 26,2022
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများမှ ပထမအကြိမ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသူများအား ဒုတိယအကြိမ် (ဆဌမအသုတ်)အဖြစ် ကန့်ဘလူမြို့ ခုတင် ၁၀၀ ပြည်သူ့ဆေးရုံ၌ ယနေ့ နံနက်ပိုင်းက ဆက်လက် ထိုးနှံပေးလျက် ရှိသည်။
တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် တိုင်းဒေသကြီးတရားလွှတ်တော် ထပ်ဆင့်ရှင်းလင်းပွဲနှင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်
Feb 26,2022
နေပြည်တော်ရှိ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာ ဖေဖော်ဝါရီလ (၁၇) ရက်နေ့မှ (၁၉) ရက်နေ့အထိ Video Conferenceစနစ်ဖြင့် ကျင်းပခဲ့သော ပြည်ထောင်စု တရား လွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်တရားရေးဦးစီးမှူးများ၊ ခရိုင်တရားသူကြီးများ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းတရားသူကြီး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားသူကြီးများ၏ (၂၂)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှာလမ်းညွှန် မှာကြားချက်များ အပေါ် ထပ်ဆင့်ရှင်းလင်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတ က တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော်အစည်းအဝေးခန်းမ၌ Video Conference စနစ်ဖြင့် ကျင်းပခဲ့ ကြောင်း သိရသည်။
ဇီးကုန်းမြို့နယ်တွင် အခြေပြုမူလတန်းအောင် သာမဏေများအား အောင်လက်မှတ်များဆက်ကပ်
Feb 26,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြိုနယ်တွင် အခြေပြုမူလတန်းအောင် သာမဏေများအား အောင်လက်မှတ် ဆက်ကပ်ခြင်းအခမ်းအနားကို ယနေ့နေ့လည် ၁နာရီက အမှတ်(၄) ရပ်ကွက်ရှိ သမားတော်ကျောင်းတိုက် ရွှေပြည်တန် ဗိမာန်တော်၌ ကျင်းပပြုလုပ်ခဲ့သည်။
မအူပင်မြို့နယ် စိမ်းမြကန်သာဘုရားတွင်စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
Feb 26,2022
ဧရာ၀တီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် စိမ်းမြကန်သာဘုရားတွင် မြို့သန့်ရှင်း သာယာလှပရေး၊ ပြည်သူများ အမှိုက်များစည်းကမ်းတကျစွန့်ပစ်ရေးနှင့် လမ်းဘေးဝဲယာတွင် အမှိုက်များ မစွန့်ပစ်ရေးတို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ယနေ့ နံနက် ၇နာရီအချိန်က မအူပင်မြို့ စိမ်းမြကန်သာဘုရားတွင်စုပေါင်း သန့်ရှင်းရေး အမှိုက်များ ရှင်းလင်းခြင်း ပြုလုပ်ခဲ့သည်။
မချမ်းဘောမြို့ အထက်တန်းကျောင်း၌ Mask လှူဒါန်းခြင်းနှင့် Mask အခမဲ့ဖြန့်ဝေခြင်း ဆောင်ရွက်
Feb 26,2022
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့၌ ​ကျောင်းသားကျောင်းသူများ ကိုဗစ်-၁၉ ရောဂါနှင့် အိုမီခရွန်ရောဂါ ကာကွယ်နိုင်ရန် မချမ်းဘောမြို့နယ်အတွင်းရှိ ကျောင်းများအတွက် mask များ ပေးအပ်လှူဒါန်းခြင်းကို ယနေ့နေ့လယ် ၁၀ နာရီခွဲတွင် မချမ်းဘော အထက်တန်း ကျောင်း၌ ကျင်းပခဲ့သည်။
ဒက္ခိဏသီရိမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်
Feb 26,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဒက္ခိဏခရိုင်၊ ဒက္ခိဏသီရိမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးကွဲသစ်အိုမီခရွန် ကြိုတင်ကာကွယ် တားဆီးရေးဆိုင်ရာအချက်များကို ယနေ့နံနက်ပိုင်းက ရပ်ကွက်နှင့် ကျေးရွာများသို့သွားရောက်၍ ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ​​ရေး ဦးစီးဌာနရုံးမှ ဝန်ထမ်းများက အသိပေးနှိုးဆော်​ခြင်းများ ဆောင်ရွက်ခဲ့​ကြသည်။
သာပေါင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးခြင်းနှင့် Mask Campaign ပူးပေါင်းအဖွဲ့မှ စဉ်ဆက်မပျက် အရှိန်အဟုန်မြှင့် ဆောင်ရွက်
Feb 26,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊‌ လှေကြီးတတ်ကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆန်းမင်းထွဋ် ဦးဆောင်၍ လက်ရှိဖြစ်ပွားနေသော ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇ​ပြောင်း (အိုမီခရွန်)ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း တပ်ဆင်ရေး Mask Campaign ပူးပေါင်းအဖွဲ့ စဉ်ဆက်မပျက် အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်း များကို ယနေ့နံနက် ၉ နာရီအချိန်မှ စတင်၍ ပြည်သူများ သွားလာစည်ကားရာ လမ်းဆုံလမ်းမများ၊ မြို့အဝင်/ထွက် စစ်ဆေးရေးဂိတ်များမှ မော်တော်ယာဉ်များ စစ်ဆေးခြင်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေလှူဒါန်း
Feb 26,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ သောက်သုံးရေလိုအပ်လျှက်ရှိသော တောင်ဇင်းအုပ်စု တံခါးညီအမတဲတိုက်သို့ ယနေ့ နံနက် ၉နာရီအချိန်က သောက်သုံးရေဂါလံ ၁၆၀၀ သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။