မြင်းမူ ဖေဖေါ်ဝါရီလ ၂၇
စစ်ကိုင်းခရိုင်၊ မြင်းမူမြို့တွင် မိသားစုတစ်နိုင်တစ်ပိုင် လုပ်ကိုင်ရောင်းချလျက်ရှိသည့် ကွန်ကရစ်ထည်ပစ္စည်းများ ဈေးအနည်းငယ်မြင့်တက်လျက်ရှိကြောင်း ကွန်ကရစ်ပစ္စည်း ပြုလုပ်ရောင်းချနေသူများထံမှ သိရသည်။
ယခုရက်ပိုင်းအတွင်း ကုန်ကြမ်းပစ္စည်းများဖြစ်သည့် ဘိလပ်မြေဈေးမှာ (၆၀၀၀)ကျပ်မှ(၈၀၀၀) ဈေးထိမြင့်တက်လာကြောင်း၊ အလားတူ သံလုံးဈေး/ ကျောက်ဈေးများလည်း မြင့်တက် လာကြောင်း၊ ပစ္စည်းဈေးများ တက်လာသော်လည်း မိမိပစ္စည်းများကို ဈေးကိုက်သည့်အထိ ရောင်းချ၍မရကြောင်း၊ ဝယ်ယူသူများအဆင်ပြေစေရေးနှင့် မိမိဆိုင်မှအလုပ်သမားများ ပုံမှန်ဝင်ငွေရရှိစေရေးအတွက် သင့်တင့်သည့်ဈေးဖြင့်သာ ပြန်လည်ရောင်းချနေရကြောင်း၊ တပင် ရွှေထီးရပ်ကွက်မှ ဦးကျော်အုံးထံမှ သိရသည်။
ကုန်ပစ္စည်းဈေးများအနေဖြင့် ယခင်စျေးနှုန်းများထက် ကွန်ကရစ်ရေကန်(၁)လုံး လျှင်(၂၀၀၀) ကျပ်၊ ကွန်ကရစ်တိုင်(၁)လုံးလျှင်(၅၀၀)ကျပ်၊ ရေထုတ်ပြွန်အကြီး/ အသေးပေါ်မူတည်၍ (၁၀၀၀) ကျပ်မှ(၂၀၀၀)ကျပ်ထိနှင့် အခြားကွန်ကရစ်ပစ္စည်းများလည်း ဈေးမြင့်တက်လျှက် ရှိကြောင်း သိရသည်။
အောင်စိုးဖေ (မြင်းမူ)