သီပေါ ဖေဖော်ဝါရီ ၂၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ် ဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ ကိုဗစ်-၁၉ မျိုးကွဲသစ်အိုမီခရွန်ရောဂါ ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများကို ယနေ့နံနက်ပိုင်းက ရပ်ကွက်များနှင့် ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။
ထိုသို့ အသိပညာပေးဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုနှုန်း လျော့နည်းကျဆင်းမှုရှိပြီး အခြားနိုင်ငံများတွင် ထပ်မံတွေ့ရှိရသည့် မျိုးဗီဇပြောင်းမျိုးကွဲသစ်အိုမီခရွန် ရောဂါပိုးသည် မိမိတို့နိုင်ငံ တွင်စတင်တွေ့ရှိ လာသည့်အတွက် ကြိုတင်ကာကွယ်နိုင်ရန် ပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ နေထိုင်ကြရန်နှင့် ကာကွယ်ဆေးများကိုလည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လွှမ်းခြုံမှုအပြည့် အဝရရှိစေရန် ကာကွယ်ဆေး ထိုးနှံပေးလျက် ရှိရာပြည်သူများအနေဖြင့် မပျက်မကွက်အကြိမ်အရေ အတွက်ပြည့်ဝစွာ ထိုးနှံကြပါရန် စသည့်အချက်များအား အသိပညာပေးခြင်းများကို နှိုးဆော်ခဲ့ကြကြောင်း သိရသည်။
ခင်လေး (ပြန်/ဆက်)