ပိုင်ကျုံမြို့အတွင်းရှိ ကျောင်းအုပ်ကြီးများ၊ ဆရာ/မများ လုပ်ငန်းစွမ်းရည်တိုးတက်လာစေရန် စီမံခန့်ခွဲမှု သင်တန်းပေး

ပိုင်ကျုံ  ဖေဖော်ဝါရီ  ၂၇

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့အတွင်းရှိ ကျောင်းအုပ်ကြီးများ၊ ဆရာ/မများ၊  စာရေးဝန်ထမ်းများ လုပ်ငန်းများဆောင်ရွက်ရာတွင် တိကျမှန်ကန်ပြီး ထိရောက်မှုရှိစေရန် ရည်ရွယ်၍  ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုဘာသာရပ်ကို ‌အ‌ခြေခံ၍ ပိုင်ကျုံ အ.ထ.က ကျောင်း တွင် ယမန်နေ့နံနက်ပိုင်းက စတင် သင်ကြားပေးခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းတွင် သင်တန်းသား/သင်တန်းသူ၊ ကျောင်းအုပ်ဆရာ/ဆရာမကြီးများနှင့် စာရေးဝန်ထမ်းများအား ရုံးတွင်းစီမံခန့်ခွဲမှုဆိုင်ရာ အကြောင်းအရာများ၊ ငွေစာရင်းထိန်းသိမ်း နည်းဆိုင်ရာ အကြောင်းအရာများ၊ ဆရာ/ဆရာမများအတွက် ဝတ်စားဆင်ယဉ်မှုနှင့် ပြောဆို နေထိုင်မှုဆိုင်ရာများ၊ ကျောင်းသား/ ကျောင်းသူများကို ပြုစုပျိုးထောင်ရေးဆိုင်ရာ နည်းစနစ်များနှင့် အချိန်ကို လေးစားတန်ဖိုးထားသော ဝန်ထမ်းကောင်းများဖြစ်စေရန်စသည့် အကြောင်းအရာများကို အသီးသီးဆွေးနွေးပို့ချခဲ့ပြီး သင်တန်းသူ/သားဦးရေ (၉၀)ကျော် တက်ရောက် ခဲ့ကြောင်း သိရသည်။

စောဂျိုးဇက်ဂျူး