ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးနိုင်မှု တစ်သိန်းရှစ်သောင်းခြောက်ထောင်ကျော် ထိုးပေး နိုင်ပြီဖြစ်

ညောင်ဦး  ဖေဖော်ဝါရီ   ၂၇

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာ ကွယ်ဆေး ထိုးပေးနိုင်မှုအခြေအနေ ယနေ့နံနက်ပိုင်းအချိန်ထိ ၁၈၆၃၀၂ ဦး ထိုးပေးနိုင်ခဲ့ပြီဖြစ်ကြောင်း ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်ထံက သိရသည်။

ညောင်ဦးမြို့နယ်အတွင်း သတ်မှတ်စုရပ်နေရာ (၁၂) နေရာဖြင့် ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ညောင်ဦးမြို့နယ်တွင် ပထမအကြိမ် Sinopharm ကိုဗစ်ကာကွယ်ဆေး ထိုးပေးနိုင်မှု ၈၈၅၃၀ ဦး၊ Sinopharm ဒုတိယအကြိမ် ၇၅၁၆၀ဦး၊ Sinovac ပထမအကြိမ် ၃၈၅၄ဦး၊ Sinovac ဒုတိယအကြိမ် ၃၅၉၉ဦး၊ Phase -6 Covisheld ပထမအကြိမ် ၇၇၀၀ဦး၊ Phase -6 Covisheld ဒုတိယအ ကြိမ်(၂၀၄၆)ဦး၊ Phase -7 Covisheld ပထမအကြိမ် ၂၃၄၃ဦး၊ Booster Sinopharm (- )ဦး ၊ Phase -7 Sputnik Light (First Doest)  ၁၄၁၄ဦး၊  Sputnik Light (Booster)၁၃၁၁ဦး၊ Booter Covaxin ၁၁၀ဦး ထိုးပေးနိုင်ပြီဖြစ်ကာ ညောင်ဦးမြို့နယ် အနေဖြင့် ကိုဗစ်ကူးစက်ရောဂါ ကာကွယ်ဆေး ထိုးပေးနိုင်မှု ၁၈၆၃၀၂ ဦးထိုးပေးနိုင်ပြီဖြစ်ကာ၊  ဝေးလံသည့် ဒေသများနှင့် လာရောက်ဆေးထိုးရန် မလွယ်ကူသည့် နေရာဒေသများသို့လည်း နယ်လှည့် ကိုဗစ်ကာကွယ်ဆေးထိုးအဖွဲ့များဖြင့် သွားရောက်ထိုးနှံပေးလျက်ရှိကြောင်း ညောင်ဦးမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ထံက သိရသည်။

ကိုထိန်၊KPD