သီပေါမြို့နယ်တွင် ၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ(၃၁၄)ဦးရှိ

သီပေါ ဖေဖော်ဝါရီ ၂၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ၂၀၂၂ခုနှစ်၊ မတ်လနှင့် ဧပြီလအတွင်း ပြုလုပ်မည့် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲတွင် စာစစ်ဌာန(၂)ခုမှ အတွင်းဖြေ ကျောင်းသား၊ ကျောင်းသူ(၂၀၇)ဦး၊ပြင်ပဖြေကျောင်းသား၊ ကျောင်းသူ(၁၀၇)ဦး၊ စုစုပေါင်း(၃၁၄)ဦး ဝင်ရောက်ဖြေဆိုမည် ဖြစ်ကြောင်း သိရသည်။

သီပေါမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် အတွင်းဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ(၁၆၉)ဦး၊ ပြင်ပဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ(၈၇)ဦး၊ စုစုပေါင်း(၂၅၆)ဦးနှင့် နမ့်လန်ကျေးရွာအခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် အတွင်းဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ(၃၈)ဦး၊ ပြင်ပဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ(၂၀)ဦး၊ စုစုပေါင်း(၅၈)ဦးဖြစ်ကြောင်းနှင့် သီပေါတစ်မြို့နယ်လုံးအနေဖြင့် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၃၁၄)ဦးရှိကြောင်း သိရသည်။

သီပေါမြို့နယ်တွင်  ၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲအတွက် စာစစ်ဌာန(၂)ခုရှိကြောင်းနှင့် အဆိုပါ စာစစ်ဌာနများမှာ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာနနှင့်  နမ့်လန်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာနတို့ ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)