ကျိုက်မရော မတ် ၁
ကျိုက်မရောမြို့နယ်တွင် အသက်တစ်နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်း လုပ်ငန်းများကို ယနေ့ နံနက် ၉နာရီမှ စတင်ကာ သက်ဆိုင်ရာကျန်းမာရေးဆေးခန်းများ၌ ထိုးနှံပေးလျက်ရှိသည်။
အဆိုပါကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသက် တစ်နှစ်အောက် ကလေးငယ်များအား အသည်းရောင်၊ အသားဝါ (ဘီ) ပြင်းထန် အဆုပ်ရောင်ရောဂါ၊ ဝမ်းပျက်၊ ဝမ်းလျှောလာရောဂါ၊ စသည့် ငါးမျိုးစပ် ကာကွယ်ဆေးများ၊ အသက်အရွယ်အလိုက် ပုံမှန်ထိုးပေးလျက်ရှိပြီး မြို့ပေါ်ရပ်ကွက်များသာမက ကျေးရွာ အုပ်စုများတွင်လည်း ဆေးထိုးစုရပ်များ သတ်မှတ်ကာ သက်ဆိုင်ရာ နယ်မြေခံ ကျန်းမာရေး ဝန်ထမ်းများက ကွင်းဆင်း၍ ထိုးနှံပေးလျက်ရှိပြီး ကိုယ်ဝန်ဆောင်မိခင်များ၏ ပုံမှန်ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကိုပါ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း ကလိုင်းကနိုင်ကျေးရွာ ကျန်းမာရေးမိခင်နှင့်ကလေး ကျန်းမာရေးဌာနခွဲမှ ဘက်စုံ သားဖွားဆရာမ ဒေါ်နီနီအေးထံမှသိရသည်။
ချိုမြတ်မြတ်ထွေး(ကျိုက်မရော)