မြင်းမူ မတ် ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ စိုက်ပျိုးထားရှိသည့် ဂျုံသီးနှံစိုက်ခင်းများ မှာ အောင်မြင်ဖြစ်ထွန်း လျက်ရှိကြောင်း သိရသည်။
မြင်းမူမြို့နယ်အနေဖြင့် ယခင်ကာလများက ဂျုံသီးနှံကို ဒေသမျိုးကိုသာစိုက်ပျိုးလုပ်ကိုင် ခဲ့ကြကြောင်း၊ ယခုချိန်တွင် မျိုးသန့်ခြံများကထွက်ရှိသည့် မျိုးကောင်း၊ မျိုးသန့်များကို ရယူကာ ပြောင်းလဲသုံးစွဲ စိုက်ပျိုးလာကြသည့်အတွက် သီးနှံအရည်အသွေးနှင့် (၁)ဧက အထွက်နှုန်းများ ပိုမိုကောင်းမွန်လျက်ရှိကြောင်း၊ မိမိတို့ဌာနဝန်ထမ်းများ အနေဖြင့်လည်း စိုက်ပျိုးရေး နည်းပညာများနှင့် ပတ်သက်၍ စိုက်ကွင်းများအရောက် သွားရောက်ကာ ပံ့ပိုးကူညီ ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ တောင်သူများလိုအပ်သည့် နည်းပညာ အခက်အခဲများကို အချိန်နှင့်တစ်ပြေးညီ ဖြေရှင်းကူညီ ဆောင်ရွက်ပေးနိုင်ရန်အတွက် ဌာနဝန်ထမ်းများ၏ ဖုန်းနံပါတ်များကိုလည်း တောင်သူများထံ ပေးထားပါကြောင်း၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဦးရဲမြင့်သိန်းထံမှ သိရသည်။
မြင်းမူမြို့နယ်အနေဖြင့် ယခင်နှစ်စိုက်ပျိုးရာသီတွင် ဂျုံသီးနှံ (၉၁၀၅)ဧကကိုသာ စိုက်ပျိုး နိုင်ခဲ့သော်လည်း ယခုနှစ်တွင် ဂျုံသီးနှံဧက (၉၃၂၇)ဧက စိုက်ပျိုးနိုင်ခဲ့သည့်အတွက် ယခင် နှစ်ထက် (၂၂၂)ဧက ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။
အောင်စိုးဖေ(မြင်းမူ)