နတ်မောက် မတ် ၁
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ဆည်လည်ကျေးရွာအုပ်စု ဆည်လည်ကျေးရွာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိ နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသည့် ပြည်သူများနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်လိုသူများအား ပန်းခင်းစီမံချက်ဖြင့် ယမန်နေ့ နံနက်ပိုင်းက ရွာသစ်ကျေးရွာ အုပ်ချုပ်ရေးမှူး အိမ်တွင်ပြုလုပ် ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ် လာရောက်ပြုလုပ်သူ ကျား(၃၀)ဦး၊ မ(၂၃)ဦး၊ အသက် (၁၈) နှစ်ပြည့်နိုင်ငံသားစိစစ်ရေးကတ် လာရောက်ပြုလုပ်သူ မ(၆)ဦး၊ လဲလှယ်ကျား(၁)ဦး၊ မ (၆)ဦး၊ မိတ္တူ ကျား(၁၀)၊ မ (၉) စုစုပေါင်း (၈၅)ဦးအား ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့နယ်တွင် ရပ်ကွက် (၇) ရပ်ကွက်၊ ကျေးရွာပေါင်း (၂၃၄) ရှိပြီး ကျန်ရှိနေသည့် ကျေးရွာများသို့ ပန်းခင်းစီမံချက်ဖြင့် ဆက်လက်ကွင်းဆင်း ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမျိုးတင့်ထံမှ သိရသည်။
သင်းသင်းမြတ်