တံတားဦး မတ် ၁
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် တားဆီး ကာကွယ်ရေး လုပ့်ငန်းများကို အရှိန်အဟုန်မြင့် ဆောင်ရွက်လျက် ရှိပြီး အသက်(၁၈)နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါ တစ်ကြိမ်မှ မထိုးနှံသေးသူများကို တံတားဦးမြို့နယ် ပြည်သူ့ဆေးရုံအတွင်း၌လည်းကောင်း၊ ကျေးရွာ အသီးသီးတို့၌လည်းကောင်း ဆေးထိုးစုရပ်များဖွင့်လှစ်ပြီး စဉ်ဆက်မပြတ်ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေး ထိုးနှံပြီးသူ ပြည်သူတစ်ဦး၏ ရင်တွင်းစကားသံ အချို့ကို ယခုလိုဘဲ တွေ့ဆုံမေးမြန်းခဲ့ ပါတယ်-
ကျွန်တော့်အမည်က ဦးညီညီထွေး ဖြစ်ပါတယ်၊ တံတားဦးမြို့နယ် အမှတ်(၃)ရပ်ကွက်၊ မကျီးတောရပ် မှာနေထိုင်ပါတယ်၊ အသက်ကတော့ (၅၀)နှစ်ရှိပါပြီး၊ အလုပ်အကိုင်ကတော့ တောင်သူလုပ်ငန်း လုပ်ကိုင်ပါတယ်။
ကျွန်တော်က ဒါပထမဆုံးအကြိမ် လာထိုးတာပါ။ ထိုးချင်နေတာတော့ ကြာပါပြီ။ ဘာကြောင့် မထိုး ဖြစ်ဘဲ ကြာနေလဲဆိုတော့ အချို့လူတွေက အရပ်ထဲမှာ၊ လိုင်းပေါ်မှာ ဟိုပြောဒီပြောပေါ့နော် ဆေးထိုး ပြီးရင်မူးတယ်၊ နေမကောင်းဖြစ်တယ် ဘာညာအစုံပြောနေတာကြားနေလို့ နည်းနည်းတော့ ကြောက်မိ တယ်။ အစ်ကို့အသိတွေထဲက ဆေးထိုးပြီးတဲ့ လူတွေဆီမှာ သေချာစုံစမ်းကြည့်မှ ကောင်းတယ်၊ အဆင် ပြေတယ်ဆိုတာ သိရတော့ စိတ်ချလက်ချ လာပြီးထိုးရဲသွား တာ၊ ဒီဆေးထိုးပြီးရင် လူအများ ကြားထဲ ဘယ်သွားသွား၊ ဘယ်လာလာ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ သွားလာလို့ရတာပေါ့။ ကိုဗစ်-၁၉ ရောဂါကာ ကွယ်ဆေး အပေါ်ကိုလည်း အပြည့်အဝ ယုံကြည်လာတယ်၊ ကာကွယ်ဆေး ထိုးနှံပြီးတဲ့သူ များလေလေပိုပြီး ကာကွယ်နိုင်လေလေဆိုတော့ လာရောက်ထိုးနှံ ကြဖို့ တိုက်တွန်းချင်တယ်၊ အခုလို ကာကွယ်ဆေးထိုးပြီးတဲ့အခါကျတော့ ကိုဗစ်နဲ့ ပတ်သက်ပြီး စိတ်ထဲအေးချမ်းလုံခြုံသွားသလို ခံစားရပါတယ်။ အခုဆို အိုမီခရွန် ရောဂါကြားနေရတော့ ပိုပြီးကြောက်လာတယ်၊ ကာကွယ်ဆေး မထိုးရသူတွေလဲ လာရောက်ထိုးနှံကြဖို့ ပြောကြားချင်ပါတယ်။ ဒီမှာဆေးထိုးလာရတာ အစစအရာရာ အကုန်အဆင်ပြေပါတယ်။ ကာကွယ်ဆေးထိုးဖို့အတွက် အစစအရာရာ ကူညီဆောင်ရွက်ပေးတဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေ အားလုံးကို အထူး ကျေးဇူးတင်ပါတယ်။
အခုလို ပြည့်ပြည့်စုံစုံဖြေကြားပေးတဲ့အတွက် အစ်ကို ကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။
ရဲတင့်