ကျောက်တံတားမြို့နယ်အတွင်း အသက် (၁၈) နှစ်အထက် ရှိသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိ

ကျောက်တံတား ဖေဖော်ဝါရီ ၂

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်တွင် အသက် (၁၈)နှစ်အထက်ရှိသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို  ကာကွယ်ဆေးထိုး စုရပ်ဖြစ်သည့် အမှတ်() ရပ်ကွက်၊ မဟာဗန္ဓုလလမ်း နှင့် ၃၅ လမ်းထိပ် (ယခင်ထွေ/ အုပ်ရုံးဟောင်းရှေ့)တွင် နံနက်(၁ဝ)နာရီအချိန်မှ ၁၂ နာရီ ၁၀ မိနစ်အချိန်ထိ Covishield  First Dose ထိုးနှံသူ (၁၀၀) ဦး၊ Sinovac Second Dose ထိုးနှံသူ(၂၀)ဦး၊ စုစုပေါင်း (၁၂၀)ဦးကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ပရဟိတ အဖွဲ့များမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

မြို့နယ်(ပြန်/ဆက်)