အုတ်တွင်းမြို့နယ်​ ဇီးဖြူခင်အလယ် ကျေးရွာ၌ မြစိမ်းရောင်ရန်ပုံငွေများ ဆဋ္ဌမအကြိမ် ထုတ်ချေးပေး

အုတ်တွင်း  ဖေဖော်ဝါရီ ၂၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ဇီးဖြူခင်အလယ်ကျေးရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက မြစိမ်းရောင် စီမံကိန်းအရင်းမပျောက် လည်ပတ်ရန်ပုံငွေ ဆဋ္ဌမအကြိမ် ထုတ်ချေးပေးခြင်းကို ယမန်နေ့နံနက်ပိုင်း​က အဆိုပါ ကျေးရွာ ၌ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မြစိမ်းရောင်စီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ပေးအပ်ခြင်းနှင့်ပတ်သက်၍ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စုနွယ်ဝင်းက ရှင်းလင်း​ပြောကြားခဲ့ပြီး၊ မြစိမ်းရောင် စီမံကိန်းဆောင်ရွက်လျက်ရှိသော၊ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ (၆၇)ဦး၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ(၂၃)ဦး၊ စုစုပေါင်း အသင်းသား(၉၀)ဦးအား ငွေကျပ် ၄၃ ဒဿမ ၉သန်းကို တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ အသီးသီး ပေးအပ်ခဲ့ကြောင်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

ခင်ခင်မာ