ငပုတော ဖေဖော်ဝါရီ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် လူစည်ကားရာနေရာများဖြစ်သည့် ငပုတော မြို့ မြို့အဝင်စစ်ဆေးရေးဂိတ်၊ လမ်းဆုံ၊ လမ်းခွများ၊ သင်္ဘောဆိပ်နှင့် မြို့မစျေး အတွင်းရှိ ဈေးရောင်းချနေသူများ၊ လမ်းသွားလမ်းလာ ပြည်သူများအား ယမန်နေ့ ညနေ ၃ နာရီအချိန်က ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ရောင်းချနေမှု ရှိ/မရှိ စစ်ဆေး၍ Mask များဖြန့်ဝေပေးခဲ့ပြီး အသိပညာပေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ငပုတောမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှုး ဦးဇင်မြတ်မင်းထွဋ်နှင့် ဝန်ထမ်းများ၊ ငပုတောမြို့ နယ်မြေခံ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ ပညာရေးဌာနမှ ဝန်ထမ်းများနှင့် မီးသတ် တပ်ဖွဲ့ဝင်များက စျေးဆိုင်ရောင်းချသူများအား တွေ့ဆုံ၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့် လိုက်နာရမည့် အချက်များအား ဈေးရောင်းသူများ လိုက်နာ၍ ရောင်းချနေမှု ရှိ/မရှိ စစ်ဆေးကြပြီး ဈေးရောင်းချသူများအနေဖြင့် နှာခေါင်းစည်း Mask များ စနစ်တကျ တပ်ဆင်၍ ရောင်းချရန် စျေးဝယ်ယူသူများကိုလည်း Mask တပ်ဆင်ပြီးမှ ဝယ်ယူစေရေး၊ ဆိုင်အရှေ့တွင် လက်သန့်ဆေးရည် ဆပ်ပြာရည်နှင့် လက်ဆေးဘေစင် ထားရှိရေး ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး နည်းလမ်းများကို မပျက်မကွက် လိုက်နာကြပါရန် အသိပညာပေး ပြောကြားကာပြည်သူများ Mask တပ်ဆင်မှု ရှိ/မရှိ စစ်ဆေးခဲ့ပြီး Mask များ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)