နတ်မောက် ဖေဖော်ဝါရီ ၂၈
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီ အချိန်ခန့်က နတ်မောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ နတ်မောက်မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသန့်စင်က ကာကွယ်ဆေးများထိုးနှံပေးရာတွင် အဆင်ပြေချောမွေ့စွာ ထိုးနှံနိုင်ရေးညှိနှိုင်း ဆောင်ရွက်ခြင်း၊ လက်ရှိဆေးထိုးနေမှု အခြေအနေများအားချပြ ရှင်းလင်းခြင်းနှင့် မြို့အဝင်/အထွက်စစ်ဆေးရေး ဂိတ်များတွင် ကိုဗစ်ကာကွယ်ဆေးထိုးနှံထားသော အထောက်အထားများ စစ်ဆေးဆောင်ရွက်သွားရန်၊ကာကွယ်ဆေး ထိုးခြင်းလုပ်ငန်းများကို ပိတ်ရက်မရှိဆောင်ရွက်ရန်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေး အကြောင်း အရာများ နှိုးဆော်ခြင်းလုပ်ငန်းများ၊ အသိပညာပေးလက်ကမ်း စာစောင်များဖြန့်ဝေခြင်း လုပ်ငန်းများ တစ်ပတ်လျှင် (၃)ကြိမ် အသိပညာပေးခြင်းလုပ်ငန်းများဆက်လက် ဆောင်ရွက်ရန်မှာကြားခဲ့သည်။ဆက်လက်ပြီး တက်ရောက်လာ သော မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက သက်ဆိုင်ရာကဏ္ဍ အလိုက် တင်ပြဆွေးနွေးခဲ့သည်။
အစည်းအဝေးသို့ မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန့်စင်နှင့် မြို့နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
လှဝင်း