မုဒုံမြို့၌ ကျောင်းကျန်းမာရေး ပညာပေးခြင်းဆိုင်ရာ အရည်အသွေးမြှင့်သင်တန်း ဖွင့်လှစ်

မုဒုံ     ဖေဖော်ဝါရီ     ၂၈

ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ ကျန်းမာရေးဆိုင်ရာ ဗဟုသုတများ တိုးပွားစေရန်အတွက် ဆရာ၊ ဆရာမ များမှတဆင့် ကျောင်းသား/သူများတို့ကို ပြန်လည်ပို့ ချပေးနိုင်ရန် ရည်ရွယ်၍ ပညာရေးဌာနနှင့် ကျန်းမာရေးဌာနတို့ပူးပေါင်းပြီး ကျောင်းကျန်း မာရေးပညာပေးခြင်းဆိုင်ရာ အရည်အသွေးမြှင့်သင်တန်းကို ယနေ့ နံနက်  ၉ နာရီက မွန်ပြည်နယ် မုဒုံမြို့ အမှတ် () အခြေခံပညာအထက်တန်းကျောင်းရှိ ရှင်အရဟံ ခန်းမ၌ ဖွင့်လှစ်သည်။

ရှေးဦးစွာ မုဒုံမြို့နယ် ပညာရေးမှူး ဒေါ်မြဝင်းက အဖွင့်အမှာစကားပြောကြားပြီး မုဒုံမြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်မိုးနိုင်က ရောဂါနှင့် ထိခိုက်ချို့တဲ့မှု ကောင်းရုံမျှမက စိတ်ရုပ်နှင့် လူမှုဝန်းကျင်တို့တွင် ကောင်းမွန်ပြည့်စုံစွာ နေထိုင်ခြင်း၊ ဗဟုသုတရပ်တည်ချက်၊ လုပ်ဆောင်မှုနှင့် အမူအကျင့်များ၊ ပိုမိုကျန်းမာသည့် အနေအထားတစ်ရပ်သို့ ရောက်အောင် ပြောင်းလဲစေခြင်း စသည့် အသိပညာပေးခြင်းဆိုင်ရာအချက်များကို ရှင်းလင်း ပြောကြားသည်။

ထို့နောက် ကျောင်းလူမှုဆက်ဆံရေးမှူးက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ဆိုင်ရာများနှင့် ကျောင်းကျန်းမာရေး လုပ်ငန်းများ၊ အမျိုးသမီးကျန်းမာရေးဆရာမနှင့် သူနာပြုဆရာမတို့က အာဟာရ()အုပ်စုနှင့် သွားကျန်းမာရေးအသိပညာများ၊ မျိုးဆက်ပွား ဆယ်ကျော်သက်အရွယ် ကျန်းမာရေးဆိုင်ရာများနှင့် လိင်မှတစ်ဆင့် ကူးစက် တက်သောရောဂါများ စသည်တို့ကို ပို့ချပေးသည်။

အဆိုပါသင်တန်းသို့ ​မုဒုံမြို့နယ်အတွင်းရှိအခြေခံပညာထက်/လယ်/မူ စာသင်ကျောင်းများမှ ကျောင်းအုပ်ဆရာ၊ ဆရာမများနှင့် တာဝန်ခံဆရာ၊ ဆရာမ စုစုပေါင်း (၁၀၂)ဦး တို့က တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)