ကြာအင်းဆိပ်ကြီး ဖေဖော်ဝါရီ ၂၈
ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန် (Omicron) ကူးစက်ပြန့်နှံ့မှု စတင်ဖြစ်ပွားလျက်ရှိရာ မြို့နယ်အတွင်း ကူးစက်ပြန့်နှံ့မှုမရှိစေရေး ကူးစက်ပြန့်နှံ့မှုကို ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ပြည်သူများအား အသိပညာပေးခြင်းနှင့် စောင့်ကြည့်ကြီးကြပ်စစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိရာ၌ ဦးစီးဌာနများမှ မြို့နယ်ဦးစီးမှူးများ တာဝန်ရှိသူဝန်ထမ်းများ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ လူမှုရေးအသင်းအဖွဲ့များပါဝင်သည့် ကြီးကြပ်စစ်ဆေးရေး အဖွဲ့များ ဖွဲ့စည်းတာဝန်ပေး အပ်ကာ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို နေ့စဉ် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန် (Omicron) ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း၌ ကူးစက်ပြန့်နှံ့မှုမရှိစေရေး ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ကြိုတင်ကာကွယ်နိုင်စေရေး အတွက် ဌာနဆိုင်ရာတာဝန်ရှိသူများ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ လူမှုရေးအသင်းအဖွဲ့များ ပါဝင်ဖွဲ့စည်းထားသည့် စောင့်ကြည့် ကြီးကြပ်စစ်ဆေးရေးအဖွဲ့(၄)ဖွဲ့မှ မြို့အဝင်အထွက်နေရာများ မြို့လယ်လမ်းဆုံနေရာများ၌ မိဘပြည်သူများအနေဖြင့် မိမိတို့ နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာသည့်အခါပါးစပ်နှာခေါင်းစည်း Mask တပ်ဆင်ခြင်း စနစ်တကျ တပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေးခြင်း မြို့အတွင်းသို့ ဝင်ရောက်လာ သည့် အခါပါးစပ်နှာခေါင်းစည်း Mask စနစ်တကျ တပ်ဆင်ခြင်းရှိမှသာ မြို့အတွင်းသို့ ဝင်ရောက်သွားလာ ခွင့်ပြုခြင်းနှင့် ကျန်းမာရေးဝန်ကြီး ဌာနမှ ထုတ်ပြန်ကြေညာထားသည့် ကာကွယ်ရေးနည်းလမ်းများ စနစ်တကျ နေထိုင်သွားလာရေးနည်းလမ်းများအား မော်တော်ယာဉ်ဖြင့် လှည့်လည်ကာ မိဘပြည်သူများအား အသိပညာပေး နှိုးဆော်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မျိုးမင်းဦး