မြောက်ဦး ဖေဖော်ဝါရီ ၂၇
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ မိဘပြည်သူများကို ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် (Omicron) ကြိုတင်ကာကွယ်ရေးဆိုင်ရာ အချက်များကို အသိပညာပေးနှိုးဆော်ခြင်းများကို ယနေ့နံနက် ၉ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းပြီးများမှ မြို့ပေါ် ရပ်ကွက်များသို့ သွားရောက်ပြီး အသိပညာပေးနှိုး ဆော်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲသစ်ဖြစ်သည့် အိုမီခရွန် ကူးစက်ပျံနှံမှု ပိုမိုများပြားလာ၍ မိမိတို့နိုင်ငံ ထဲတွင်ရောက် ရှိနေပြီဖြစ်သည်။ ကိုဗစ်-၁၉ မျိုး ကွဲ သစ် အိုမီခရွန်ကို ဗီဇပြောင်း အိုမီခရွန်ရောဂါပိုးသည် မိမိတို့နိုင်ငံတွင် စတင်တွေ့ရှိလာပြီဖြစ်၍ ကြိုတင်ကာကွယ် နိုင်ရန်နှင့် မိဘပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော အဓိကလိုက်နာရမည့် အချက်များနှင့် တတ်နိုင်သမျှ မိမိတို့နေအိမ်တွင် နေထိုင်ကြရန်နှင့် လူအများနှင့်ထိတွေ့ဆက်ဆံပါက Face Shield တပ်ဆင်ထားရန်၊ လူစုလူဝေးနှင့် လူထူထပ်သောနေရာများသို့ သွားရောက်ခြင်းမှ ရှောင်ကြဉ်ရန်၊ တစ်ဦးနှင့် တစ်ဦး တတ်နိုင်သမျှ ၆ ပေ အကွာ ခပ်ခွာခွာနေထိုင်ကြရန်၊ မကြခဏလက်ကို စက္ကန့် ၂၀ ကြာဆေးကြောရန်၊ ဈေးရောင်းဈေး ဝယ်သူများအနေဖြင့် Mask တပ်ဆင်၍ ဈေးရောင်းချကြရန်မြို့ပေါ် ရပ်ကွက်များလမ်းဆုံ၊ လမ်းခွ နေရာများ၊ ဈေးဆိုင်တန်းနေရာများသို့ သွားရောက်ပြီး ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် (Omicron) ရောဂါ ကြိုတင်ကာကွယ်ရန် ကျန်းမာရေး အသိပညာပေး လှည့်လည်နှိုးဆော် လျက်ရှိကြောင်း သိရှိရသည်။
မြင့်စိုး (ပြန်/ဆက်)