ခန္တီးမြို့ စည်ပင်သာယာမင်္ဂလာဈေးရှေ့၌ မီးဘေးလုံခြုံရေးဇာတ်တိုက်လေ့ကျင့်

ခန္တီး    ဖေဖော်ဝါရီ   ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ မြို့မ မင်္ဂလာဈေးရှေ့၌၊ ဖေဖော်ဝါရီလ ၂၇ ရက် မွန်းတည့်(၁၂) နာရီအချိန်က ဈေးမီး လောင်မှုကြီးများမဖြစ်ပွား မပေါ်ပေါက် စေရန် မီးသတိမူရေး၊ မီးဘေးကြိုတင်ကာ ကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန် မြှင့်ဆောင်ရွက်နိုင်ရန်နှင့် မီးလောင်မှု ဖြစ်ပွားလာပါက အလျင် အမြန်တုံ့ပြန် ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ခန္တီးခရိုင်မီးသတ် ဦးစီးဌာနမှ မီးငြိမ်းသတ်ယာဉ်ဇာတ် တိုက်လေ့ကျင့်ခန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ခန္တီးခရိုင်မီးသတ်ဦးစီးဌာနမှ မီးငြိမ်းသတ်ယာဉ်၊ ရေသယ်ယာဉ်၊ အုပ်ချုပ်ရေးယာဉ်များနှင့် မီးငြိမ်းသတ်ယာဉ်ဇာတ်တိုက်လေ့ကျင့်ခဲ့ကြပြီး အဆိုပါလေ့ကျင့်နေ းြခိမမှုအားစစ်ဗျူဟာ အခြေချ (ခန္တီး)မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး သက်ထူးစံနှင့် အရာရှိအရာခံများ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုအောင်နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးအောင်သူနှင့် အရာရှိ တပ်ဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။

ခရိုင်ပြန်/ဆက်