ရခိုင်ပြည်နယ် မောင်တောမြို့၌ တောဆင်ရိုင်းနင်း၍ လူတစ်ဦး သေဆုံးကာ ကျန်တစ်ဦးဒဏ်ရာရရှိ

မောင်တော   ဖေဖော်ဝါရီ   ၂၇

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် (၄)မိုင်ရပ်ကွက် ၊ ရွှေတောင်ကျေးရွာ အနီးတွင် ယနေ့  နံနက် ၁၁ နာရီ အချိန် ခန့်က တောဆင်ရိုင်းနင်းမိ၍ တစ်ဦးသေဆုံးကာ ၊ ကျန်တစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ မောင်တောမြို့နယ် (၄)မိုင်ရပ်ကွက် ၊ ရွှေတောင်ကျေးရွာနေသူနှစ်ဦးသည် ရွှေတောင်ကျေးရွာ ၊ အရှေ့ဘက်သို့ ငါးဖမ်းရန်သွား ရောက် စဉ် တောဆင်ရိုင်းမှ ရန်ပြုရာ တစ်ဦးမှာ တောဆင်ရိုင်းနင်းမိသဖြင့် အခင်း ဖြစ်နေရာတွင် ဂုတ်ကျိုးဒဏ်ရာဖြင့် သေဆုံးခဲ့ပြီး  ကျန်တစ်ဦးမှာ နံရိုးကျိုး ဒဏ်ရာ (စိုးရိမ်ရ)ရရှိသဖြင့် ကရုဏာကွန်ရက် လူမှုကူညီရေးအသင်းမှ မောင်တောပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

ဝေလ(မောင်တော)