ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ဖြင့် ဆောင်ရွက်သည့် ကျေးရွာ မီးလင်းရေးလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး၍ လူထုစစ်ဆေးပွဲကျင်းပ

ကြံခင်း ဖေဖော်ဝါရီ ၂၈        

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP)ဖြင့် ဆောင်ရွက်သည့် တလိုင်းကွင်းကျေးရွာအုပ်စု၊ မကျီးပင်ကွင်းဒေါင့်ကျေးရွာ မီးလင်းရေးလုပ်ငန်း (ကျေးရွာတွင်း ၄၀၀ ဗို့ ဓာတ်အားလိုင်း သွယ်တန်းခြင်းလုပ်ငန်း) ရာနှုန်းပြည့်ပြီးစီး၍ လူထုစစ်ဆေးပွဲကို ယမန်နေ့ မွန်းလွဲ (၁ )နာရီအချိန်က အဆိုပါကျေးရွာ ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့သည်။

လူထုစစ်ဆေးပွဲတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးယဉ်မင်းဦးက လူထုစစ်ဆေးပွဲ ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်း ပြောကြားပြီး ဦးစီးမှူးနှင့် တာဝန်ရှိသူများက စစ်ဆေးပွဲ လုပ်ငန်းအဆင့်ဆင့်အား ဆောင်ရွက်၍ ကျေးရွာလူထု၏ ဆန္ဒသဘောထားများအား လျှို့ဝှက်ဆန္ဒမဲပေးသည့် စနစ်ဖြင့် စစ်တမ်း ကောက်ယူပြီး လူထုစစ်ဆေးပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကျေးလက်ဒေသ မီးလင်းရေးလုပ်ငန်းအတွက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၏ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် မီနီဘတ်ဂျက် ခြောက်လတာကာလအတွင်း ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း(၁၀ဝ)၊ ကျေးရွာပြည်သူလူထု ထည့်ဝင်ငွေ ကျပ်(၃၁)သိန်းတို့ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ရာ အဆိုပါ လျှပ်စစ်မီးလင်းရေးလုပ်ငန်း ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် ကျေးရွာနေပြည်သူများ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

မြိုနယ်(ပြန်ဆက်)