မလှိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး(Covishield) နှစ်ကြိမ် ထိုးနှံပြီးသည့် ဝန်ထမ်းများအား ကာကွယ်ဆေး ထပ်ဆောင်း Booster Dose ဆက်လက်ထိုးနှံ

 မလှိုင်   ဖေဖော်ဝါရီ    ၂၈

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး(Covishield)နှစ်ကြိမ် ထိုးနှံပြီးသည့် ဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထပ်ဆောင်း Booster  Dose ဆက်လက် ထိုးနှံပေးခြင်းကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါနေ့က ကိုဗစ်-၁၉ ကာကွယ်ဆေး (Covishield)နှစ်ကြိမ်ထိုးနှံပြီးသည့်ဝန်ထမ်းများထဲမှ  မလှိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်း (၇၃)ဦးကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Covaxin များ ဆက်လက်ထိုးနှံပေးခဲ့ခြင်းဖြစ်သည်။  ကိုဗစ်-၁၉ ကာကွယ်ဆေး ထပ်ဆောင်း Booster Dose ထိုးနှံပေးရာသို့ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံပြန်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုးမင်းထက်က သွားရောက် ကြည့်ရှုအားပေး ကူညီဆောင်ရွက်ပေးပြီး ကာကွယ်ဆေး ထိုးနှံပြီး သော်လည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနည်းလမ်းများနှင့်အညီ ကျန်းမာရေးအသိသတိဖြင့် နေထိုင်သွားကြရန် မှာကြားပြီး ဝန်ထမ်းများ အား Mask 50 ပါ တစ်ဗူးစီနှင့် Royal D အအေးပုလင်းနှင့်မုန့်များ ပေးဝေခဲ့ကြောင်း သိရသည်။

မလှိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးသည့် အသက်(၅ဝ)ကျော်  ဝန်ထမ်းများကို သတ်မှတ်အုပ်စုအလိုက် ကိုဗစ်-၁၉ ကာကွယ်ဆေး ထပ်ဆောင်း Booster  Dose များကို ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဌေး(မလှိုင်)