ဘုတ်ပြင်း ဖေဖော်ဝါရီ ၂၄
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်တွင် မြို့မဈေးအတွင်း ဖွင့်လှစ်ရောင်းချနေသည့် ဈေးဆိုင်များနှင့်ဝယ်သူများအား ကိုဗစ်-၁၉ စည်းကမ်းချက်များ အညီ ရောင်းချခြင်း ရှိ/မရှိ ကြီးကြပ်စစ်ဆေးခြင်းကို ယနေ့နံနက်က ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါစစ်ဆေးခြင်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဇော်နိုင်ဦးနှင့် ဝန်ထမ်းများက ဈေးအတွင်းဖွင့်လှစ်ရောင်းချနေသည့် အစားအသောက် ပစ္စည်း အရောင်းဆိုင်များ၊ အသားအရောင်းဆိုင်များ၊ ဟင်းသီးဟင်ရွက်အရောင်းဆိုင်နှင့် ပျံကျဈေးဆိုင်များနှင့် ဈေးရောင်းဝယ်သူများအား ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ရောင်းချမရှိ/မရှိ နေ့စဉ် ကြီးကြပ်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)