စလင်း ဖေဖော်ဝါရီ ၂၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် မြို့မစည်ပင်သာယာစျေးကြီး အတွင်း/အပြင် ရောင်းချကြသော အသားခြောက်ဆိုင်များ အသားကင်ဆိုင်များနှင့် ပြည်တွင်း ပြည်ပမှ တရားမဝင်တင်သွင်းသည့် ကုန်ပစ္စည်းအမှတ်တံဆိပ်မပါရှိသည့် ကုန်ပစ္စည်းများ စားသုံးရန် မသင့်သည့်ကုန်ပစ္စည်းများ စစ်ဆေးခြင်းကို ယနေ့ နံနက် ၉နာရီအချိန် ကစားသုံးသူရေးရာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်စည် ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
စလင်းမြို့နယ် စည်ပင်သာယာစျေး အတွင်းအပြင်ရောင်းချလျက်ရှိသော အသားခြောက် ကုန်ခြောက်ဆိုင်များအား စားသုံးရန်မသင့်သည့် ကုန်ပစ္စည်းအသားချောင်းများကို စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ဖြန့်ဖြူးရောင်းချသော ကုန်ပစ္စည်းများပေါ်တွင် ကုန်အညွှန်း အမှတ်အသားဖော်ပြချက်နှင့် စပ်လျဉ်းသည့်အတည်ပြုထောက်ခံချက်များ မဖြစ်မနေဖော်ပြရန်၊ ကုန်ပစ္စည်းအမျိုးအစားပေါ်မူတည်၍ ဖော်ပြရန်လိုအပ်သည့် အချက်အလက်များ၊ လက်လီလက်ကားရောင်းချသည့် ကုန်ပစ္စည်း၏ထုပ်ပိုးပစ္စည်းပေါ်တွင် ဖော်ပြရန်၊ ပြည်ပမှ တင်သွင်းဖြန့်ဖြူးသည့် ကုန်ပစ္စည်းများဖြစ်ပါက သတ်မှတ်ချက်များနှင့် ကိုက်ညီစေရေးအတွက် စျေးကွက်ဖြန့်ဖြူးခြင်းမပြုမှီ ပြုပြင်ရန် ထုပ်ပိုးခြင်း၊ ထုပ်ပိုးပစ္စည်းအသုံးပြုခြင်း၊ သက်ဆိုင်ရာ ဌာနများမှ ကြီးကြပ်ကွပ်ကဲသည့် ကုန်ပစ္စည်းများအတွက် ၎င်းဌာနများ၏ ညွှန်ကြားချက်အတိုင်း လိုက်နာရန်နှင့်ရောင်းချရန် မသင့်စားသုံးရန်မသင့်သည့် တရားမဝင်လမ်းကြောင်းများမှ တင်သွင်းသည့်ပစ္စည်းများ၊ ထိုင်းနိုင်ငံမှထုတ်လုပ်သည့် အသားချောင်းများ၊ ကုန်ပစ္စည်းအညွှန်းအမှတ်အသားမပါသော ပစ္စည်းများကိုရောင်းချပါက ဥပဒေနှင့်အညီ အရေးယူခြင်းခံရမည်ဖြစ်ကြောင်းတို့ကို စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆန်းလင်းမောင်က ကုန်ပစ္စည်းရောင်းချသည့် စျေးဆိုင်များအား ပညာပေး အသိပေး ပြောကြားခဲ့ကြောင်း သိရှိရသည်။
မောင်လွင်(စလင်း)