တောင်ဥက္ကလာပ ဖေဖော်ဝါရီ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ရပ်ကွက်များ အတွင်းရှိ အသကမွေးစမှ ၁ နှစ်ခွဲအရွယ်ထိ ကလေးငယ်များအား တစ်လတစ်ကြိမ် ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်း အစီအစဉ်ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီကအမှတ်(၆)ရပ်ကွက် ၊မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၌ ဆောင်ရွက် ခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့နယ် အတွင်းရှိရပ်ကွက်များမှ အသက်မွေးစမှ ၁ နှစ်ခွဲအရွယ်ထိ ကလေးများအား အဆုတ်တီဘီ၊ ငါးမျိုးစပ်(BCG)၊ ပိုလီယို၊ ပြင်းထန်အဆုတ်ရောင်၊ မေးခိုင်၊ ဝက်သက်ရောဂါ ကာကွယ်ဆေး များကို ထိုးနှံတိုက်ကျွေးပေးခဲ့သည်။
တောင်ဥက္ကလာပမြို့နယ်တွင်ရပ်ကွက် ပေါင်း(၁၃)ခု အတွင်းရှိကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက် ကျွေးခြင်းလုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများက စဉ်ဆက်မပြတ်စနစ်တကျ ဆောင်ရွက်ပေးလျက် ရှိကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှသိရှိရသည်။
ခင်ဆွေနှင်း(ပြန်/ဆက်)