သီပေါ ဖေဖော်ဝါရီ ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဌာနဆိုင်ရာဝန်ထမ်းများ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရာတွင် အသုံးပြုနိုင်စေရန်အတွက် ပါးစပ် နှာခေါင်းစည်း (Mask)များ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် ၁၁ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ကျန်းမာရေးဦးစီးဌာန ဆေးရုံအုပ် ဒေါက်တာမျိုးအောင်က ဌာနဆိုင်ရာဝန်ထမ်းများ ကိုဗစ်-၁၉ ရောဂါဖြစ်ပွား နေသည့်ကာလအတွင်း ရောဂါကြိုတင်ကာကွယ်ရာတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူ ဖြစ်စေရန်အတွက် ထောက်ပံ့ ပေးအပ်ရခြင်းဖြစ်ကြောင်း စသည်ဖြင့် ပြောကြားခဲ့ပြီးနောက် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာအလိုက် တာဝန်ထမ်းဆောင်နေသည့် စာရင်းရှိ ဝန်ထမ်းအားလုံးအတွက် ပါးစပ်နှာခေါင်းစည်း (Mask)အခုရေ (၆၀၀၀)ကို ပေးအပ်ရာ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက အသီးသီးလက်ခံရယူခဲ့ကြောင်း သိရသည်။
ခင်လေး