မိုင်းတုံမြို့၌ သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေအသိပညာပေးသင်တန်းဖွင့်ပွဲကျင်းပ

မိုင်းတုံ ဖေဖော်ဝါရီ ၂၄


ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမတွင် ယနေ့ နံနက် ၁၀နာရီ ၃၀ အချိန်က သက်ကြီးရွယ်အိုများဆိုင်ရာဥပဒေ အသိပညာပေး သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့သည်။


အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ဆက်လက်၍ ခရိုင်လူမှု ဝန်ထမ်းရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်‌သောင်းသောင်းအေးက သက်ကြီးရွယ်အိုများဆိုင်ရာဥပဒေ အသိပညာပေးနှင့် ပတ်သက်ပြီး အကျယ်တစ်ဝန်း ရှင်းလင်းဆွေးနွေးပြီးနောက် မိုင်းတုံမြို့နယ်လူမှုဝန်ထမ်းရုံးမှ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ထွေးက  ဘိုးဘွားများ ထောက်ပံ့ကြေး ပေးအပ်ခြင်းနှင့် ပတ်သက်သည့် ကိစ္စရပ်များအား အကျယ်တစ်ဝန်း ဆွေးနွေး‌ပေးသည်။ ထိုနောက် အခမ်းအနား တက်ရောက်လာသူများမှ သိလိုသည်အချက်များအား မေးမြန်းဆွေးနွေးခဲ့ကြကြောင်းသိရှိရသည်။
ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)