သတင်းများ

မိုးနဲမြို့နယ် မြဖူးဝေ ငွေစုငွေချေး သမဝါယမအသင်းလီမိတက်၏ အမှုဆောင်ရွေးချယ်ပွဲ အခမ်းအနားကျင်းပ
Feb 22,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ် မြဖူးဝေ ငွေစုငွေချေး သမဝါယမအသင်းလီမိတက်၏ အမှုဆောင်ရွေးပွဲ အခမ်းအနားကို ဌာနဆိုင်ရာအကြီးအကဲများ တာဝန်ရှိသူများနှင့် ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောင်းကုန်းမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုး(၅၈)ဦးစံချိန်တင်တွေ့ရှိသော်လည်း သေဆုံး မှုမရှိသေး
Feb 22,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်တွင် ယမန်နေ့က (၂၉၉) ဦးစစ်ဆေးရာ  ပိုးတွေ့ လူနာသစ်(၅၈)ဦး ထပ်မံတွေ့ရှိခဲ့ပြီး၊ ယခုတွေ့ရှိမှုသည် စံချိန်တင်တွေ့ရှိခြင်းဖြစ်ကြောင်း ကျန်းမာရေးဌာနက သိရသည်။
လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မီးဘေးလုံခြုံရေး အသိပညာပေး (Talk Show)ပြုလုပ်
Feb 22,2022
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် မီးဘေးလုံခြုံရေး အသိပညာပေး (Talk Show)ကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ ကြသည်။
တွံတေးမြို့နယ်၌ ဒေသခံပြည်သူများအား အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးကြေညာခြင်းနှင့် နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေ
Feb 22,2022
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေး မြို့နယ်၌လတ်တလောတွင် အိုမီခရွန်ရောဂါ အတည်ပြုလူနာများ ပြန်လည်တွေ့ရှိလာသဖြင့် ရောဂါကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈နာရီခွဲကမြို့ပေါ်ရပ်ကွက်များတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ဒေသခံပြည်သူများအား အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေး လိုက်နာရန် အသိပေးကြေညာခြင်းနှင့်  နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ပေါက်တောမြို့နယ်၌ အသက်(၁၈)နှစ်နှင့်အထက် ဦးတည်အုပ်စုပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး သတ္တမအသုတ် ပထမအကြိမ် ဆက်လက်ထိုးနှံ
Feb 22,2022
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၌ အသက်(၁၈)နှစ်နှင့်အထက် ဦးတည်အုပ်စု ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး သတ္တမအသုတ် (ပထမ)အကြိမ် ထိုးနှံပေးခြင်းကို ပေါက်တောမြို့ပေါ် မြို့နယ် သာသနာ့ဗိမာန်နှင့် ကျေးလက်ကျန်းမာရေးဌာန စုရပ်(၁၃)နေရာတို့တွင် ယနေ့နံနက (၉)နာရီက ဆက်လက်ထိုးနှံပေးသည်။
မော်လိုက်မြို့၌ မြို့နယ်သံဃနာယကအဖွဲ့ အစားထိုးရွေးချယ်ပွဲ ကျင်းပ
Feb 22,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ မြို့နယ်သံဃနာယကအဖွဲ့ အစားထိုးရွေးချယ်ပွဲကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နံနက် ၉ နာရီက မြို့မဘုန်းတော်ကြီးကျောင်းတိုက်၊ ပရိယတ္တိစာသင် တိုက်ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားအား တက်ရောက်လာကြသည့် ဆရာတော်၊ သံဃာတော်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက နမောတဿ သုံးကြိမ်ရွတ်ဆိုဆုတောင်းကာ ဖွင့်လှစ်ခဲ့ကြသည်။
လာအိုနိုင်ငံမှ နေရပ်ပြန်လာသည့် မြန်မာအလုပ်သမား (၆၅)ဦးအား နေရပ်အသီးသီးသို့ ပို့ဆောင်ပေး
Feb 22,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၌ လာအိုနိုင်ငံမှ ပြန်လာသည့် မြန်မာအလုပ်သမား (၆၅)ဦးအား တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် မော်တော်ယာဉ်များဖြင့် နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်းအား အခမဲ့ ဆောင်ရွက်ပေးနိုင်ခဲ့ခြင်း
Feb 22,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ မြို့နယ်အတွင်းရှိ နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသူများနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်လိုသူများကို ၂၀၂၁ ခုနှစ်၊ မေလ(၃) ရက်နေ့မှ စတင်ကာ ပန်းခင်းစီမံချက်ဖြင့် ရပ်ကွက်/ကျေးရွာများအရောက် ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးခဲ့ရာ