သတင်းများ

ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြန်အောင်မြို့ ကိုဗစ်လူနာများ ထားရှိမည့်နေရာများနှင့် အင်ပင်မြို့ ကိုဗစ်စစ်‌ဆေးရေးဂိတ်အား ကြည့်ရှုစစ်ဆေး
Feb 22,2022
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းသည် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ညနေ ၄နာရီ ၃၀မိနစ်က မြန်အောင်မြို့ ကိုဗစ်လူနာများ ထားရှိကုသရန် ပြင်ဆင်ထားသည့် နေရာများနှင့် အင်ပင်မြို့ ကိုဗစ်စစ်‌ဆေးရေးဂိတ်အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဖျာပုံမြို့ Community Centre ခန်းမ၌ စာအုပ်စာပေဆွေးနွေးပွဲ (စာဖတ်ဝိုင်း) ကျင်းပပြုလုပ်
Feb 22,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူ များအသင်း (Book Club)နှင့် ပူးပေါင်း၍ စာပေကိုချစ်မြတ်နိုးတန်ဖိုးထားသူများ တိုးပွားလာ စေရန် ရည်ရွယ်၍ စာအုပ်စာပေဆွေးနွေးပွဲ (စာဖတ်ဝိုင်း) ကို ယမန်နေ့ နေ့လယ် (၁၂)နာရီအချိန်က ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ပြုလုပ်သည်။
ကျိုက်ဒုံ​မြို့၌ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး အသိပညာပေး တစ်အိမ်တက်ဆင်းစစ်ဆေး​ခြင်းများဆောင်ရွက်
Feb 22,2022
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့တွင် မီးသတ်ဦးစီးဌာနမှ ယနေ့နံနက် ၈ နာရီက ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးအတွက် မီးဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး စစ်ဆေးမှုများ တစ်အိမ်တက်ဆင်း ဆောင်ရွက်ခဲ့သည်။
ကျောက်ဆည်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် ပြည်သူ(၁၇၂၃၉)ဦးအား နိုင်ငံသားစိစစ်ရေးကတ်များ ဆောင်ရွက်ပေးပြီးဖြစ်
Feb 22,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက် ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ဆောက်ရွက်ပေးလျက်ရှိရာ ပြည်သူ (၁၇၂၃၉) ဦးအား နိုင်ငံသားစိစစ်ရေးကတ်များ ဆောင်ရွက်ပေးပြီးဖြစ် ကြောင်းသိရှိရသည်။
ပင်းတယမြို့နယ် သစ်တောဦးစီးဌာနမှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စိမ်းလန်းစိုပြေရေးအတွက် ပျိုးပင်ပေါင်း (၃၀၀၀၀) ကျော်အား အခမဲ့ ဖြန့်ဝေပေးသွားမည်
Feb 22,2022
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန အနေဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး အတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် သစ်တော ဦးစီးဌာန အနေဖြင့် ရေတို/ရေရှည် စီမံကိန်းများ ချမှတ်ဆောင်ရွက်ခြင်းဖြင့် ပျိုးပင်ပေါင်း (၃၀၀၀၀) ကျော်အား ပြုစုပျိုးထောင်ထားကြောင်း သိရသည်။
ချည်မျှင်နှင့် အထည်စက်ရုံများအတွက် နည်းစနစ်ကျပြီး ကျွမ်းကျင်သော စက်မောင်းစက်ပြင်ပညာရှင်များ ပေါ်ထွန်းလာစေရေး စက်မောင်း စက်ပြင်သင်တန်း ဖွင့်လှစ်သင်ကြား
Feb 22,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းမှ ချည်မျှင်နှင့် အထည်စက်ရုံများအတွက် နည်းစနစ်ကျပြီး ကျွမ်းကျင်သော စက်မောင်းစက်ပြင်ပညာရှင်များ ပေါ်ထွန်းလာစေရေး စက်မောင်းစက်ပြင်သင်တန်းကို ဖွင့်လှစ်သင်ကြားပေး လျက်ရှိကြောင်းသိရသည်။
မိုးနဲမြို့ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိ
Feb 22,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားပင်စင်စားများအား ပင်စင်လစာငွေများကို ယမန်နေ့ နံနက်ပိုင်းမှစတင်၍ ဘဏ်ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှ ဇီးအိုင်တဲတိုက်သို့ သောက်သုံးရေလှူဒါန်း
Feb 22,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် တောင်ဇင်းအုပ်စု ဇီးအိုင်တဲတိုက်သို့ ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုက ယနေ့နံနက် ၈ နာရီ အချိန်က သောက်သုံးရေဂါလံ ၁၆၀၀ လှူဒါန်းပေးခဲ့ကြောင်းသိရသည်။