သတင်းများ

နတ်မောက်မြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ
Feb 21,2022
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီ အချိန်ခန့်က နတ်မောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။
တာမွေမြို့နယ်ရှိ ကျောက်မြောင်းစျေးတွင် မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်
Feb 21,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ စည်ပင်သာယာ စျေးများတွင် ညအချိန်များ၌ မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေး၊ မသင်္ကာဖွယ်ရာ ပစ္စည်းများ မရှိစေရေးနှင့် စျေးများအတွင်း ဘေးကင်းလုံခြုံမှု ရှိစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း အဖွဲ့သည် ယမန်နေ့ ညပိုင်းအချိန်က တာမွေမြို့နယ်ရှိ ကျောက်မြောင်းစျေးတွင် မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေး အတွက် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မင်းလှမြို့နယ်၌ ဒေသဖွံ့ဖြိုးရေး ရပ်ရွာအေးချမ်းသာယာရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့မှ ကွင်းဆင်းဆောင်ရွက်
Feb 21,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ထိရောက်စွာအကောင်အထည် ဖော်ဆောင်ရွက် နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့မှ ယမန်နေ့နံနက် ၈နာရီခွဲက မင်းလှမြို့နယ်‌ ကျောက်မြောင်းကျေးရွာ၊ မင်းတဲကြီးကျေးရွာ၊ စစ္စနကျေးရွာ တို့တွင်ကျေးရွာနေ‌ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ အသိပေးရှင်းလင်းဆွေးနွေးခဲ့‌ကြောင်း သိရသည်။
ကျောက်ဖြူမြို့၌ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများအား ထပ်ဆောင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Booster Dose ဆက်လက်ထိုးနှံပေး
Feb 21,2022
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးဖြစ်သည့် အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများနှင့် ရုံးဝန်ထမ်းများအား ထပ်ဆောင်း ကာကွယ်ဆေး Booster Dose ပြန်လည်ထိုးနှံပေးခြင်းကို ယနေ့ နံနက်ပိုင်းက ကျန်းမာရေးဌာနမှ ဝန်ထမ်းများက အစိုးရရပ်ကွက်ရှိ ရမ္မာဝတီခန်းမတွင် ဆက်လက် ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
တောင်ငူ၌ ဗီဒီယိုတည်းဖြတ်ခြင်း သင်တန်းဖွင့်လှစ်
Feb 21,2022
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့နံနက်ပိုင်းက ဗီဒီယိုတည်းဖြတ်ခြင်း သင်တန်းဖွင့်လှစ်သည်။
မိုးနဲမြို့နယ်၌ မြို့ပြအငြိမ်းစား ပင်စင်များ စတင်ထုတ်ပေး
Feb 21,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲ၌ မြို့ပြနှင့် ကာကွယ်ရေးအငြိမ်းစား ပင်စင်နှစ်မျိုးကို လစဉ် ယနေ့နှင့် နောက်ပိုင်း ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိရာ ယနေ့ နံနက် ၈ နာရီခွဲ အချိန်တွင် မြို့ပြပင်စင်အငြိမ်းစားများကို ပင်စင်ငွေ စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
မြောက်ဦးမြို့ရှိ မြို့မဈေးကြီး မီးဘေးအန္တရာယ်လုံခြုံရေးရေးနှင့် ရေရရှိမှုများ ကွင်းဆင်းစစ်ဆေး
Feb 21,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့ရှိ မြို့အဈေးကြီးအတွင်း မီးဘေးအန္တရာယ် လုံခြုံရေးနှင့် ရေရရှိမှုများကွင်းဆင်း စစ်ဆေးဆောင်ရွက်ခြင်းကို ယမန်နေ့က သွားရောက် ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
နားကုန်းကျေးရွာအုပ်စုတွင် ‘‘ပန်းခင်း”စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်း စစ်ဆေး ထုတ်ပေးခြင်း ကွင်းဆင်းဆောင်ရွက်
Feb 21,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူတို့သည် “ပန်းခင်း”စီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းစစ်ဆေးထုတ်ပေးခြင်း၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ပေးခြင်း လုပ်ငန်းများကို (၁၁-၂-၂၀၂၂)ရက်နေ့မှ (၁၉-၂-၂၀၂၂)ရက်နေ့အထိ အဆိုပါ ကျေးရွာအုပ်စုရှိ ကျေးရွာ(၉)ရွာစုရပ်များ အသီးသီး၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။