သတင်းများ

ထန်းတပင်မြို့နယ်တွင် မြို့နယ်သံဃာ့နာယက အဖွဲ့ဝင်များ အနားယူခြင်းနှင့် အစားထိုး ပြန်လည်ရွေးချယ်ခြင်း အခမ်းအနား ကျင်းပ
Feb 21,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ထန်းတပင်မြို့နယ်တွင် မြို့နယ်သံဃာ့နာယက အဖွဲ့ဝင်များ အနားယူခြင်းနှင့် အစားထိုး ရွေးချယ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ထန်းတပင်မြို့ သီရိမင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကော့ကရိတ်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Feb 21,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့တို့ပူးပေါင်း၍ အမျိုးသားစာပေဆုရ ဆရာမောင်ငြိမ်းသူ (ကြို့ပင်ကောက်) ရေးသားသည့် “ပန်းလည်းလှစေ ပျားလည်းဝစေနှင့် စာပေရေးရာအဖြာဖြာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကော့ကရိတ် ခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တာမွေမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန်ကူးစက်မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ
Feb 21,2022
ယခုအခါတွင် မြန်မာနိုင်ငံတစ်ဝှမ်းလုံး၌ ကိုဗစ်-၁၉ရောဂါသည် မျိုးဗီဇပြောင်းရောဂါပိုး အိုမီခရွန်အဖြစ် ပြန်လည်ကူးစက်မှုနှုန်း မြင့်တက်လာခြင်းကြောင့် တိုင်းဒေသကြီနှင့်ပြည်နယ်အသီးသီးရှိ မြို့နယ်များတွင် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက် အသိပညာပေးနှိုးဆော်ခြင်းများကို အရှိန်ဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်တွင်လည်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီ၏ ဦးဆောင်မှုဖြင့် ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်အတွင်းရှိ လူအသွားအလာများသည့်နေရာများတွင် အသံချဲ့ စက်ဖြင့် ကိုဗစ်-၁၉ရောဂါ မျိုးဗီဇပြောင်းရောဂါပိုး အိုမီခရွန်နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက် အသိပညာပေးနှိုးဆော်ခြင်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သာစည်မြို့နယ်တွင် Covid Shield ကာကွယ်ဆေး ဆဌမအသုတ် ဒုတိယအကြိမ် ပြည်သူ ၁၁၀၀ ဦး တို့အားထိုးနှံပေး
Feb 21,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြိုနယ်အတွင်းရှိ အသက် ၁၈ နှစ်နှင့် အထက်ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး Covid Shield ဆဌမအသုတ် ဒုတိယအကြိမ်အဖြစ် ဖေဖေါ်ဝါရီ ၁၉ ရက်မှ စတင်၍ ထိုးနှံပေးလျက်ရှိရာ ယမန်နေ့က ပြည်သူ ၁၁၀၀ ဦး တို့အား ဆေးထိုးစုရပ် လေးရပ်တို့တွင် ထိုးနှံပေးခဲ့ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
မိုးကုတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး Mask Campaign ပြုလုပ်
Feb 21,2022
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့၌ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးအတွက် ပါးစပ်နှာခေါင်းစည်း စနစ်တကျ တပ်ဆင်အသုံးပြုရန် အသိပညာပေး Mask Campaing ပြုလုပ်ခြင်းအား ယနေ့နံနက် ၁၀ နာရီက မီးပွိုင့်လမ်းဆုံနေရာနှင့် တံတားနှစ်စင်း နေရာတို့တွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
လယ်ဝေးမြို့နယ်ရုံး Community Centreတွင် မီးဘေးလုံခြုံရေး အသိပညာပေး Talk Show ကျင်းပ
Feb 21,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre (လူထုအခြေပြုဗဟိုဌာန)တွင် ယမန်နေ့ ညနေ(၃)နာရီက မီးဘေးလုံခြုံရေး အသိပညာပေး Talk Show ကျင်းပခဲ့သည်။
ပိုင်ကျုံမြို့ နောင်ဘိုကြီးကျေးရွာအတွင်းရှိ မူလတန်းကြိုကျောင်း၌ ကာကွယ်ဆေး လာရောက်ထိုးနှံသော ပြည်သူများအား Maskများအခမဲ့ ဖြန့်ဝေ
Feb 21,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ နောင်ဘိုကြီးကျေးရွာအတွင်းရှိ မူလတန်းကြိုကျောင်း ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကာကွယ် ဆေး ကွင်းဆင်းထိုးနှံပေးရာတွင် Mask တပ်ဆင်လာခြင်း မရှိ‌သော ပြည်သူများအား တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်း၌ Mask Campaign ပြုလုပ်သည့် အ‌နေဖြင့် Mask များ အခမဲ့ ဝေငှပေးခဲ့သည်။
န/လက္ခုပ္ပင်ကျေးရွာတွင်တပိုင်တနိုင် ခရမ်းချဉ်စိုက်ပျိုးခြင်းဖြင့် မိသားစုပုံမှန်ဝင်ငွေရရှိ
Feb 21,2022
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် န/လက္ခုပ္ပင်ကျေးရွာရှိ တောင်သူ အများစုသည် ရေတွင်းများတူးဖော်ပြီး မြေအောက်ရေသွင်း၍ အခြေခံစားသောက်ကုန်ဖြစ်သည့် ခရမ်းချဉ်ကိုတပိုင်တနိုင် စိုက်ပျိုးခြင်းဖြင့် မိသားစုပုံမှန်ဝင်ငွေ ရရှိလျက်ရှိသည်။