တန့်ယန်း ဖေဖော်ဝါရီ ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား နှစ်ကြိမ်ထိုးနှံထားပြီးသည့် မြို့နယ်မှ ဌာနဆိုင်ရာဝန်ထမ်းများအား ထပ်ဆောင်း Booster Dose ထိုးနှံ ပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီမှ စတင်၍ အမှတ်(၁)ရပ်ကွက်ရှိ လှဧကရီခန်းမ၌ ထိုးနှံပေးနေ သည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထပ်ဆောင်း Booster Dose ထိုးနှံပေးခြင်းလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာရီရီထွေးနှင့် တာဝန်ရှိသူများက ကြီးကြပ်၍ မြို့နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်း များက စာရင်းသွင်းခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ပြီး ထိုးနှံပေးရာ မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန စာရေးဝန်ထမ်းများနှင့် တာဝန်ရှိ သူများက ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်းနှင့် ဆက်လက်၍လည်း ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)