ကော့ကရိတ်မြို့ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို စနစ်တကျထုတ်ပေးလျက်ရှိ

ကော့ကရိတ် ဖေဖော်ဝါရီ ၂၁

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဌာန၏ ကိုဗစ်-၁၉ရောဂါ ကာကွယ် ရေးလမ်းညွှန်ချက်များနှင့်အညီ ယနေ့ နံနက် ၈နာရီမှစ၍ အလှည့်ကျစနစ်ဖြင့် စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်း သိရ သည်။

ထိုသို့ ထုတ်ပေးရာတွင် ကော့ကရိတ်မြို့ မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် အငြိမ်းစား ဝန်ထမ်းများအား ပင်စင်လစာ ထုတ်ပေးခြင်းကို အများပြည်သူ ရုံးပိတ်ရက် များမှအပ ရုံးဖွင့်ရက်များတွင် ထုတ် ပေးလျက်ရှိရာ ယနေ့တွင် အငြိမ်းစား ဝန်ထမ်း ၂၇၅ ဦးအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ထုတ်ပေးနိုင်ခဲ့ကြောင်းနှင့် ကော့ကရိတ်မြို့နယ်အတွင်း ရပ်ကွက်/ ကျေးရွာများတွင် အငြိမ်းစားဝန်ထမ်း (၂၀၆၉)ဦးရှိကြောင်း မြန်မာ့စီးပွားရေးဘဏ် တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

စောအောင်မျိုးလွင်(ပြန်/ဆက်)