မင်းလှ ဖေဖော်ဝါရီ ၂၁
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ ပင်စင်လစာ ထုတ်ယူရာ၌ ကိုဗစ်-၁၉ ကာလအတွင်း ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး အနှင့်အညီ ယနေ့ နံနက် ၇ နာရီမှစတင်ကာ စနစ်တကျထုတ် ပေးလျက်ရှိကြောင်း သိရသည်။
မင်းလှမြို့နယ်တွင် ပင်စင်ထုတ်ယူမည့်ဦးရေ (၂၃၀၀) ကျော်အနက်မှ လစဉ်(၁၇၀၀)ဦး ကျော်ခန့်သာ ထုတ်ယူလျက်ရှိပြီး၊ ဖေဖေါ်ဝါရီလ ၂၁ ရက်မှစတင်ကာ နံနက် ၇ နာရီမှ မွန်း တည့် ၁၂ နာရီအထိ ပင်စင်လစာ ငွေများကို ရပ်ကွက်/ကျေးရွာများအလိုက် ထုတ်ပေး သွားမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကာလနောက်ပိုင်းတွင် ဘဏ်ဖွင့်သည့် ရုံးချိန်အတွင်း မည်သည့်ရက်တွင်မဆို လာရောက်ထုတ်ယူနိုင်ကြောင်း မြန်မာ့စီးပွားရေးဘဏ်မှ သိရသည်။
ပေါက်စ မင်းလှ