မိုးကုတ်မြို့ ၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး Mask Campaign ပြုလုပ်

မိုးကုတ်      ဖေဖော်ဝါရီ  ၂၁

 မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့၌ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကြိုတင်ကာကွယ် တားဆီး ရေးအတွက် ပါးစပ်နှာခေါင်းစည်း စနစ်တကျ တပ်ဆင်အသုံးပြုရန် အသိပညာပေး Mask Campaing ပြုလုပ်ခြင်းအားယနေ့ နံနက် ၁၀ နာရီက မီးပွိုင့်လမ်းဆုံနေရာနှင့် တံတားနှစ်စင်း နေရာတို့တွင် ပြုလုပ်ခဲ့ကြောင်းသိရှိရသည်။

အဆိုပါ အသိပညာပေးMask ampaing ပြုလုပ်ခြင်းခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဦးဆောင်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန် ကူးစက်ရောဂါ ဖြစ်ပွားမှု သတိပြု ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု တားဆီးရေးအတွက် လိုက်နာဆောင်ရွက်ရမည့် နည်းလမ်းများနှင့် ပြည်သူများအနေဖြင့် နေအိမ်ပြင်ပ ထွက်ခွာပါက နှာခေါင်းစည်း (Mask) များကို စနစ်တကျ တပ်ဆင်အသုံးပြုစေရန် အသိပညာပေးခြင်း  လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ပြီး    Mask    Campaign ပြုလုပ်ခဲ့ကြောင်း သိရသည်။

 နန်းခွာညိုနှင်း