မြစ်သားမြို့နယ်၌ နှာခေါင်းစည်းတပ်ဆင်စေရေး Mask Campaign ဆောင်ရွက်

မြစ်သား ဖေဖော်ဝါရီ ၂၁

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ကိုဗ-၁၉ ဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးခြင်း နှင့် နှာခေါင်းစည်းတပ်ဆင်ရေး အသိပညာပေးလှုပ်ရှားမှု Mask Campaign ကို

ယနေ့နံနက်(၈)နာရီက ဗိုလ်ချုပ်လမ်း ရွှေမုဌောဘုရားရှေ့၊ ဆည်/မြောင်း တိုက်တန်းရှေ့နှင့် ရွှေသမင် စက်သုံးဆီဆိုင်ရှေ့နေရာတို့ တွင်   ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ခြင်းကို မြို့နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ  ဦးဆောင်၍ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းကာ ဒေသခံပြည်သူများအား  မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက် ပြန့်ပွားမှုများရှိနေသည့်အတွက်  နေအိမ်ပြင်ပသွားလာရာ၌ ပါးစပ်နှင့်နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ပြီးမှ သွားလာကြရန်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို မဖြစ်မနေထိုးနှံကြရန်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးဆိုင်ရာ အချက်များကို အသိပညာပေး ဆွေးနွေး ပြောကြားပြီး နှာခေါင်းစည်းတပ်ဆင်ခြင်းမရှိပဲ သွားလာသူများအား ပါးစပ်နှင့် နှာခေါင်း စည်းများ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဝင်းမင်းထွန်း (မြစ်သား)