တကောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းနှင့် Mask Campaign ဆောင်ရွက်

တကောင်း   ဖေဖော်ဝါရီ    ၂၂

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ် တကောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ် နိုင်ရေး အသိပေးနှိုးဆော်ခြင်းနှင့် နှာခေါင်းစည်း (Mask)များ စနစ်တကျ တပ်ဆင်သွားလာရေးအတွက် Mask Campaign ဆောင်ရွက်ခြင်းအား အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး ဦးမင်းဝေဇံဦးဆောင်ကာ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ ယမန်နေ့နံနက် (၁၀) နာရီက မြို့ဝင် ပြည်သူ့ဆေးရုံရှေ့တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ အသိပညာပေးဆောင်ရွက်ရာတွင် မြို့တွင်းသို့ ဝင်၊ ထွက်သွားလာသည့် ပြည်သူများအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးညွှန်ကြားချက်များကို လိုက်နာကြရန်၊ မိမိဒေသတွင် ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန် ကူးစက်မှုမရှိစေရန်အတွက် ပြင်ပသို့ ထွက်ခွာသည့် အခါတိုင်း နှာခေါင်းစည်း (Mask)ကို မဖြစ်မနေစနစ်တကျ တပ်ဆင်ပြီးမှ သွားလာကြရန်နှင့် ကာကွယ်ဆေးကို (၂)ကြိမ်ပြည့်ထိုးနှံကြရန်စသည့် ကျန်းမာရေး အသိပညာပေး လုပ်ငန်းများဆောင်ရွက်ကာ နှာခေါင်းစည်း (Mask)များအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

သီရိအောင်(တကောင်း)