သာစည် ဖေဖော်ဝါရီ ၂၂
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ယမန်နေ့ကအထိကိုဗစ်-၁၉ ကာကွယ်ဆေး (၁၇၄၄၉၆) ထိုးနှံပြီးဖြစ်ကြောင်းနှင့် ယနေ့ ဆေးထိုးစုရပ်များ၌ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။
ယနေ့တွင် ညောင်ရမ်းမြို့မအုပ်စု၊ သနပ်ကန်ကျေးရွာအုပ်စုနှင့် ကုက္ကိုစုကျေးရွာအုပ်စု ဆေးထိုး စုရပ်များတွင်ကိုဗစ်-၁၉ကာကွယ်ဆေး Covidshield ပထမ အကြိမ် ထိုးနှံထားသော ပြည်သူများအား ဒုတိယအကြိမ်ကာကွယ်ဆေးကို သက်ဆိုင်ရာဆေးထိုးစုရပ်များ၌ ဆေးထိုးအဖွဲ့များက ဆက်လက် ထိုးနှံပေးလျက်ရှိ ကြောင်းသိရသည်။
သာစည်မြို့နယ်တွင် ကိုဗစ်-၁၉ ကကွယ်ဆေးကို ၂၀၂၁ ခုနှစ် ဇူလိုင် ၃၁ ရက်မှစ၍ ဦးတည် အုပ်စုအလိုက်ထိုးနှံပေးခဲ့ရာ ဖေဖော်ဝါရီ ၂၁ ရက်အထိ ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဖြစ်သည့် Sinopharm၊ Sonovac၊ Covidshield နှင့် Sputnik Light တို့ကို စုစုပေါင်း (၁၇၄၄၉၆) ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်းနှင့် ထပ်ဆောင်းကာကွယ်ဆေး Booster dose ထိုးနှံ ပြီးသူ (၃၃၈၃) ဦးရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)