ဘူးသီးတောင်ဖေဖော်ဝါရီ ၂၂
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၌ မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးကျန်အေး ဦးဆောင်၍ ဌာနဆိုင်ရာဝန် ထမ်းများ ပူးပေါင်းကာယနေ့နံနက် ၉ နာရီအချိန်က မြို့မစည်ပင်သာယာစျေးရှေ့လမ်းဆုံ၌Mask Campaign ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါMask Campaign ပြုလုပ်ရာတွင် မြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးကျန်အေးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်ဆရာဝန်ကြီးဒေါက်တာစောမင်းသိန်းနှင့်ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များက မြို့မစည်ပင်သာယာစျေး ရှေ့လမ်းဆုံ၌ စျေးရောင်း/ စျေးဝယ်လာသူများ၊ လမ်းသွား/လာသူများအားကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးခြင်းများ ဆောင်ရွက်ကာနှာခေါင်းစည်း(Mask) အခု၁၅၀၀ ကို (အခမဲ့) ဖြန့်ဝေပေးခဲ့ ကြကြောင်း သိရသည်။
လှကျော်( ပြန်/ ဆက်)