ခင်ဦး ဖေဖော်ဝါရီ ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်စည်ပင်သာယာရေးအဖွဲ့က မြို့တွင်း သန့်ရှင်းသာယာ လှပရေးအတွက် နေ့စဉ်ပုံမှန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရပ်ကွက်များအတွင်း ပုံမှန်အမှိုက်သိမ်းခြင်း၊ မြို့ဝင်၊ မြို့ထွက် ပန်းခြံများတွင် ရေလောင်းခြင်း၊ လမ်းဘေး ဝဲ/ယာရှိ မြက်၊ ခြုံများ ရှင်းလင်းခြင်း၊ ကလေးကစားကွင်းရှိ ပန်းခုံများတွင် ကညွတ်ပင်များ စိုက်ပျိုးခြင်း၊ ပန်းပင်များ ရေလောင်းခြင်းများကို နေ့စဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်း မြို့နယ်စည်ပင် သာယာရေးအဖွဲ့ ဦးစီးအရာရှိ ဦးထွန်းမင်းသန့်ထံမှ သိရသည်။
စိုးဝေအောင်(ခင်ဦး)