ဘူးသီးတောင် ဖေဖော်ဝါရီ ၂၃
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့ အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်းဆောင်၌ အထက်တန်း၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကျောင်းကျန်းမာရေး အသိပညာပေး ဟောပြောခြင်း ကို ယနေ့ မွန်းလွဲပိုင်းက ကိုဗစ်-၁၉ညွှန်ကြားချက်နှင့်အညီ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းအေး က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းတွင်း ကျန်းမာရေး ဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာပေး ရှင်းလင်း ဟောပြောခဲ့ပြီး ကျန်းမာရေး ဝန်ထမ်းများက မူလတန်းအဆင့် ကျောင်းသား/ကျောင်း သူများအား Vitamin A ၊ Mult Vita၊Folic Acid ၊ B2 ၊ Albendazol ဆေးများ တိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။
ဘူးသီးတောင်မြို့နယ် ကျန်းမာရေး ဦးစီးဌာနအနေဖြင့် ကျောင်းကျန်းမာရေး အသိပညာပေးခြင်း၊ Vitamin A ၊ Mult Vita၊ Folic Acid ၊ B2၊ Albendazol ဆေးများ တိုက်ကျွေးပေးခြင်းကို ဖေဖော်ဝါရီလ ၁၉ ရက်နေမှစတင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လှကျော်(ပြန်/ဆက်)