မြို့သစ် ဖေဖော်ဝါရီ ၂၃
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန အနေဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ မြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် ရေတို/ ရေရှည်စီမံကိန်းများ ချမှတ်ဆောင်ရွက်ခြင်းဖြင့် ပျိုးပင်ပေါင်း(၂၂၀၀၀)ကျော်အား ပြုစု ပျိုးထောင်ထားကြောင်း သိရသည်။
မြို့သစ်မြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် သဘာဝတောများ ပြုစုထိန်းသိမ်းခြင်း၊ သစ်နှင့်သစ်တောထွက်ပစ္စည်းများ စနစ်တကျ ထုတ်လုပ်ခြင်း၊ သစ်တောစိုက်ခင်းများ တည်ထောင်ခြင်းများနှင့် ရာသီဥတုဆိုးရွားမှုကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုများ အားကာကွယ်ရန်အရိပ်ရလေကာပင်များ၊ ဒေသနှင့် ကိုက်ညီသော ပျိုးပင်ပေါင်း (၂၂၀၀၀)ကျော်အား မြို့နယ် သစ်တောဦးစီးဌာန ပျိုးဥယျာဉ်တွင် ပြုစုပျိုးထောင်ထားပြီး၊ လာမည့် မိုးရာသီ မြေအစိုဓာတ်ရရှိသည်နှင့် တစ်ပြိုင်နက် မေလဆန်းပိုင်းမှ စ၍ဇူလိုင်လ၊ လဆန်းပိုင်းအထိ ပျိုးပင်များအား မြို့သစ်မြို့နယ်အတွင်းရှိ ကျေးလက်ဒေသများသို့ အခမဲ့ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါပျိုးပင်များတွင် ဒေသရာသီဥတုနှင့်ကိုက်ညီသည့် ယူကလစ်(၈၀၀၀)၊ ယင်းမာ(၅၀၀၀)၊ တ မာ(၁၀၀၀)၊ ဇီးဖြူ ( ၃၅၀၀)၊မယ်ဇလီ (၁၉၀၀)၊ လျှော်ဖြူ(၂၀၀၀)၊ ဗန်ဒါ(၅၀၀)၊ စိန်ပန်း(၅၀၀)၊ ရေတမာ(၅၀၀)ပင်နှင့် အခြားအရိပ်ရပျိုးပင်များ ပါဝင်ကြောင်း သိရသည်။
ပြည်သူများအနေဖြင့် မိမိတို့ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးနှင့် ရာသီဥတုဆိုးရွားမှုကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုမှ ကာကွယ်နိုင်ရန် သစ်ပင်များအား စနစ်တကျ ပြုစုပျိုးထောင် စိုက်ပျိုးတက်စေရန်နှင့် သစ်တောသစ်ပင်များ ချစ်ခင်တက်စေရန် ရည်ရွယ်၍ ပျိုးပင်များ ပြုစုပျိုးထောင်ထားခြင်းဖြစ်ကြောင်း၊ သစ်တောဦးစီးဌာနမှ နည်းစနစ်ကောင်းများရယူပြီး၊ လာမည့်မိုးဦးကျကာလတွင် ပျိုးပင်များအား အခမဲ့ဖြန့်ဝေခြင်းများကိုလည်း စီစဉ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ မြို့သစ်မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။
သန်းဝင်းထွန်း(ပြန်ဆက်)