သီပေါမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/ မရှိစစ်ဆေးခြင်းများ မိုဘိုင်းစနစ်ဖြင့် ဆောင်ရွက်ပေးလျက်ရှိ

သီပေါ ဖေဖော်ဝါရီ ၂၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှု ကြိုတင်ကာကွယ်တားဆီး နိုင်ရေးအတွက်ကျန်းမာရေးဝန်ထမ်းများက မိုဘိုင်းစနစ်ဖြင့် ကိုဗစ်-၁၉ ရောဂါ ပိုးရှိ/မရှိ စစ်ဆေးခြင်းများဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက တုံစင့်ကျေးရွာနှင့် ခမရ (၅၀၄)တပ်တွင်း အခြေခံပညာမူလတန်းကျောင်းတို့တွင် ကွင်းဆင်းစစ်ဆေးခြင်း များကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

 ထိုသို့စစ်ဆေးခြင်းများပြုလုပ်ဆောင်ရွက်ရာ ကိုဗစ်-၁၉ရောဂါပိုးတွေ့ အတည်ပြုလူနာနှင့် ထိတွေ့ ခဲ့သော တုံစင့်ကျေးရွာရှိ ပြည်သူ(၁၂)ဦးနှင့် ခမရ (၅၀၄) တပ်တွင်း  အခြေခံပညာ မူလတန်းကျောင်းရှိ    ဆရာ၊ဆရာမ၊    ကျောင်းသား၊ကျောင်းသူ (၄၂)ဦးတို့အား COVID-19 Antigen RDT  Test Kit ဖြင့် ကျန်းမာရေးဝန်ထမ်းများက သွားရောက်စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်းနှင့်စစ်ဆေးရန်လိုအပ်သော ရပ်ကွက်၊ ကျေးရွာနှင့်အခြေခံပညာကျောင်းများသို့ ဆက်လက် ကွင်းဆင်း စစ်ဆေး ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ သိရသည်။

ခင်လေး(သီပေါ/ပြန်ဆက်)